ရနောင်းမြို့တွင်ကားတိုက်ခံရသည့် မြန်မာ အမျိုးသမီး လုပ်သားများလူမှု့ဖူလုံကြေး အပြည့်အ၀မရနိုင်
အဆိုပါနေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ
ရွှေ့ပြောင်း လုပ်သာများဆိုင်ရာအစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ
ငါးဦးနှင့် ဒဏ်ရာရှိသူ ၁၂ဦးတို့သည် လုပ်ငန်းခွင်အတွင်း ဖြစ်သည့် ကိစ္စမဟုတ် သောကြောင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေ အရ ရပိုင်ခွင့် အပြည့်အဝ မရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သေဆုံးသူငါးဦးအတွက် ပထမအဆင့်အဖြစ် လျော်ကြေးပေး ထားပြီးဖြစ်သည်ဟုလည်း GeneralSirichai Distakulက ပြောသည်။
"ပထမအဆင့်လျော်ကြေးငွေအဖြစ် တစ်ဦးချင်း ထိုင်းဘတ်
လေးသောင်းပေးထားပြီးပြီ " ဟု ၎င်းကပြောသည်။ လက်ရှိတွင် သေဆုံးသူ အမျိုးမီးအလုပ်သမားများကို သဂြိုင်္လ်ရန် သက်ဆိုင်ရာ မိသားစု
ဝင်များ ရနောင်းမြို့သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ဧပြီလ ၃၀ရက်နေ့က SIFCO Co., Ltd အအေးခန်းလုပ်ငန်းသို့ အလုပ်ဆင်းရန် နံနက် ၆နာရီ ၁၅ မိနစ်အချိန်တွင် ကားလမ်းဘေး၌
စောင့်ဆိုင်းနေသည့် အမျိုးသမီးအလုပ်သမားများကို သစ်သီးများ
တင်ဆောင်လာသော ကားတစ်စီးက တာယာပွင့်ပြီး ဝင်တိုက်မိခဲ့သည်။
ယဉ်တိုက်မှုနှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားများအား တမင်လုပ်ကြံမှု ဟုလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားထား သည်ကို
တွေ့ရှိရသော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးဝင်းမောင်က
ယဉ်မတော်တဆမှုသာဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားထားသည်။
The Myanmar Times

0 comments:
Post a Comment