သံတွဲမြို့ နယ်အတွင်းရှိ ရွာ(၂)ရွာကယ်ဆယ်ရေး ပစ္စည်းအရေးပေါ်လိုအပ်နေ
၁၁-၆-၂၀၁၆ နေ့ ကသံတွဲမြို့ နယ်အတွင်းရှိ ရွှေလှေ ချောင်းဖျားအထက်ပိုင်းတွင်မိုးသည်း
ထန်စွာရွာသွန်းမှုကြောင့်သူဌေးချောင်းရေလျှံ ကာကျေးရွာအများအပြားရေကြီးနစ်မြုပ်ခဲ့ရပါ
သည်၊ကျေးရွာများရေနစ်မြုပ်ရာတွင်
ရွှေလှေကျေးရွာမှအိမ်ခြေ- (၄) လုံး
ကျောင်းကုန်းကျေးရွာမှအိမ်ခြေ-(၁)လုံး
ရေကောက်ကျေးရွာတွင်အိမ်ခြေ-(၃၀)လုံး
ပုရစ်ကျေးရွာတွင်အိမ်ခြေ-(၇၈)လုံး ရေထဲမျောပါသွားခဲ့ပါသည်
အဆိုးဆုံးရွာများကတော့ရေကောက်ကျေးရွာ တွင်အိမ်ခြေ(၂၀၀)ရှိပြီးအိမ်(၃၀)ပါသွားကြောင်း
နှင့်ပုရစ်ကျေးရွာတွင် အိမ်ခြေ(၈၀)ကျော်ရှိသည့်အနက်(၆)အိမ်သာကျန်
ရစ်ခဲ့ပါသည် အဆိုပါကျေးရွာနှစ်ရွာတွင်ဆန်နှင့်အခြားစားနပ် က္ခာအရေးတစ်ကြီးလိုအပ်လျှက်ရှိကာအမိုးအ
ကာရွက်ဖျင်တဲများလည်းလိုအပ်လျှက်ရှိသည်ဟု ရေကောက်ကျေးရွာမှကိုသန်းထွန်းကပြောပါသည်
ရေကောက်ကျေးရွာတွင်ဘုန်းကြီးကျောင်းလည်း ရေထဲမျောပါသွားပြီးပုရစ်ကျေးရွာတွင်လည်းသိမ်နှင့်
ဆွမ်းစားဆောင်များမျောပါသွားကြောင်းသိရှိရပါသည်၊ယခုအခါသံတွဲ. မဘသ. ဆရာတော်များမှ၎င်း
ကျေးရွာနှစ်ရွာသို့ ဆန်နှင့်အခြားပစ္စည်းများသွား ရောက်လှူဒါန်းရန်စီစဉ်လျှက်ရှိပါသည်၊
လှူဒါန်းလိုသူများအနေဖြင့် ဥက္ကဌ ဆရာတော် ဖုံး၊၀၉၄၂၁၇၃၀၂၉၁ သို့ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်းသိရှိရပါသည်
....

0 comments:
Post a Comment