မလေးရောက် မြန်မာလုပ်သားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ ဖွဲ့ရန် မြန်မာသံရုံး ကြိုးပမ်း
![]() |
ဇွန်လ ၅ ရက်တွင် မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဇော်မြင့်သည် မြန်မာနိုင်ငံ သားများ ကာကွယ်စောင့်ရှောက် ရေးအဖွဲ့ ဖွဲ့စည်းရန် မလေးရှား နိုင်ငံရှိ မြန်မာလူမှုအသင်း အဖွဲ့ အစည်း ၅၀ ကျော်ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဖွဲ့တွင် နာယကအဖြစ် သံအမတ်ကြီး ဦးဇော်မြင့်က တာဝန်ယူမည်ဖြစ်ပြီး မြန်မာလူမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူ များက အတွင်းရေးမှူးများအဖြစ် ဆောင်ရွက်ကာ မလေးရှားနိုင်ငံ ရှိ မြန်မာလုပ်သားများ၏ အခက် အခဲများကို ကူညီဖြေရှင်းရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
‘‘မြန်မာလုပ်သားတွေရဲ့ အ ခက်အခဲတွေကို ပိုမိုထိရောက်တဲ့ ကူညီမှုတွေပေးနိုင်ဖို့ ဒီလိုဖွဲ့လိုက် တာပါ။ ဒါကို အသင်းအဖွဲ့အစည်းတွေလည်း လက်ခံကြပါတယ်။ မြန်မာလုပ်သားတွေ ဒုက္ခရောက် ရင် သူတို့က သွားပြီးဖြေရှင်းမယ်။ ဖြေရှင်းရတာလွယ်ကူအောင်လို့ သံရုံးက ထောက်ခံချက်ပေးမယ်။ အဲဒီလိုလုပ်ဆောင်မှာပါ’’ဟု ၎င်း က ပြောသည်။
‘‘မြန်မာလုပ်သားတွေ သတင်းတွေနဲ့ပတ်သက်လာရင် သတင်းကို ပိုပြီးမြန်မြန်ဆန်ဆန် သိရအောင်အတွက်ရယ်၊ ကူညီမှု တွေပေးနိုင်ဖို့ရယ်အတွက် လုပ်ကြတာပါ။ သံရုံးတရားဝင်အဖွဲ့ မျိုး ဖွဲ့စည်းတာပါ။ ဒါဟာ မြန်မာ လုပ်သားတွေအတွက် တကယ် ကောင်းတဲ့လုပ်ရပ်ပါ’’ဟု မလေး ရှားအခြေစိုက် ကပ်ပုန်း (၇)ရက်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။
ပြည်ပရောက်နိုင်ငံသားများသည် မြန်မာသံရုံးများအပေါ် မိဘအိမ်သဖွယ် အားကိုးစရာနေရာအဖြစ် ခံစားသံယောဇဉ်ဖြစ်စေရေး ခွဲခြားခြင်းမရှိဘဲ တွေ့ဆုံခြင်း၊ ဖိတ် ကြားခြင်း များပြုလုပ်ကာ စုစည်း ဆောင်ရွက်ကြရန် ဒေါ်အောင် ဆန်းစုကြည်က သံအမတ်များနှင့် တွေ့ဆုံစဉ် ညွှန်ကြားခဲ့သည်။
ထိုသို့ မှာကြားခဲ့သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၅ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ထားသော်လည်း မြန်မာသံရုံးသည် ပြောင်းလဲမှု အနည်းငယ်သာ ရှိကြောင်း မလေးရှားရောက် မြန်မာလုပ်သားများ က ပြောသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာရှ၁၉ နိုင်ငံတွင် အခြေစိုက်နေသော မြန်မာသံအမတ်များကို နေပြည်တော်သို့ခေါ်ယူ၍ ဇွန်လ ၁၄ရက်တွင် ညွှန်ကြားဆွေးနွေး မှုများပြုလုပ်ရန် ရှိနေသည်။
By - ငြိမ်းချမ်း
Originally published at - http://www.7daydaily.com/story/66795
0 comments:
Post a Comment