Monday, 6 June 2016

တာရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှု တားဖို့ သမ္မတပြော

 htinkyaw-620.jpg နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို သတိထားမိစေဖို့ အလေးပေးဆောင်ရွက်မှာဖြစ်သလို တရားမဝင်ရောင်းဝယ် ဖောက်ကားနေတာတွေကိုလည်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် အထိမ်းအမှတ် အခမ်းအနား မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

အဲ့ဒီအခမ်းအနားကို နိုင်ငံတော် သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်က ကော်မတီဝင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ကတော့ "တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်း တိရိစ္ဆာန်နဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့" ဖြစ်ပါတယ်။

သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်မှုတွေ လျှော့ချပေးနိုင်ဖို့ အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်မျှာ်လင့်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။
RFA
နားဆင်ရန်
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate