Saturday, 11 June 2016

အစိုးရသစ် ပုံရိပ်ကျဆင်းအောင် ပြုလုပ်သည်ဟု ဆိုကာ ဌာန လေးခုကို တစ်ကိုယ်တော် ဆန္ဒပြ




သပိတ်ကျင်း၊ဇွန် ၁၁

အစိုးရ သစ်၏ ပုံရိပ် ကျဆင်းအောင် ဥပဒေ လက်တစ်လုံးခြား အာဏာ အလွဲ သုံးစားပြီး မှောင်ခို လုပ်ငန်း အားပေးနေသည့် ဝန်ထမ်း များက တရားမဝင် မှောင်ခို ပပျောက်ရေး အတွက် ကူညီခဲ့သည့် ပြည်သူများကို မတရား ထောင်ချနေသည့် လုပ်ရပ်များ အလိုမရှိ ဟူသည့် ဗီနိုင်းကို ကိုင်ဆောင်၍ ဇွန်လ ၁၁ ရက်၊နံနက် ၁၁ နာရီ၊ ၃၀ မိနစ်က မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့တွင် ကိုသောင်းခိုင် ဆိုသူက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

သပိတ်ကျင်းမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်တရားရုံးတို့ ရှေ့သွားရောက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
တစ်ကိုယ်တော် ဆန္ဒပြသူ ကိုသောင်းခိုင်က "ဒီမှာက တရားမဝင် နွားမှောင်ခိုသမားတွေကျတော့ ငွေယူပြီး ဌာနဆိုင်ရာတွေက လွှတ်ပေးနေတယ်။ နိုင်ငံတော်ကို တရားဝင် အခွန်သွင်းပြီး နွားပွဲဈေးလုပ်နေသူကျတော့ အမျိုးမျိုးခြိမ်းခြောက်ပြီး ဖမ်းဆီးမှုတွေလုပ်တယ်။ ဒါကြောင့် အခုလိုဆန္ဒပြတာပါ။ အစိုးရသစ်ကို သိစေချင်လို့ပါ။"ဟုပြောသည်။

အဆိုပါသပိတ်ကျင်းမြို့နယ်တွင် သက်ဆိုင်ရာအာဏာပိုင်များသည် ဥပဒေကို လက်တစ်လုံးခြားပြုလုပ်ပြီး နွားမှောင်ခိုသမားများကို အကာအကွယ်ပေးလွှတ်ပေးနေခြင်းနှင့် တရားမဝင် ရွှေတူးဖော်နေသူများကိုလည်း ခွင့်ပြုထားသည်ဟုလည်း ဆန္ဒပြသူကဆိုသည်။

ဆန္ဒပြရာတွင်"ပြည်သူများ ဥပဒေရဲ့ အကာအကွယ်ရရှိရေး၊ဒို့အရေး။ အာဏာအလွဲသုံးစား လုပ်ရပ်များအား အလိုမရှိ။ အဂတိလိုက်စား ဝန်ထမ်းများ အလိုမရှိ။ တရားမဝင်မှောင်ခိုလုပ်ငန်း အားပေးသူများ အလိုမရှိ။ အစိုးရ အခွန်ဆောင် လုပ်ကိုင်ဆောင်ရွက်သော်လည်း မတရားဖမ်းဆီးခံထားရသည့်အမှုအား စီစစ်ပေး။ အခွန်ရှောင် လုပ်ငန်းရှင်များကို တောင်းစားနေသော ဌာနဆိုင်ရာများ အလိုမရှိ။ ဥပဒေလက်တစ်လုံးခြား ဘက်လိုက်မှုလုပ်ရပ်များ အလိုမရှိ။ အစိုးရသစ်ပုံရိပ်ကျဆင်းအောင် ပြုလုပ်သူများ အလိုမရှိ ဟူ၍ ကြွေးကြော်ခဲ့သည်။

အစိုးရသို့တရားဝင်အခွန်ဆောင်၍ နွားကိုးကောင် သယ်ခဲ့သူအား တရားမဝင် နွားမှောင်ခိုကူးသည်ဟု ဆိုကာ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှ အရေးကြီး ကုန်စည်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၅ ဖြင့်ဖမ်းဆီးအရေးယူထားသည်ကိုလည်း ပြန်လည်စီစစ်ပေးရန် ဆန္ဒပြသူက တောင်းဆိုခဲ့သည်။

သပိတ်ကျင်းမြို့နယ်တွင် ဌာနဆိုင်ရာများ အဂတိလိုက်စားမှု၊ တရားမဝင်လုပ်ငန်းများ ခွင့်ပြုထားမှုနှင့် တရားဝင်အခွန်ဆောင်၍ အလုပ်လုပ်ကိုင်နေသူတစ်ချို့တရားစွဲဆို ခံနေရကြောင်း သိရှိစေရန် နိုင်ငံတော်အစိုးရထံ တင်ပြမှုများလည်းပြုလုပ်သွားမည်ဟု ဆန္ဒပြသူ ကိုသောင်းခိုင်ကဆိုသည်။

ဆန္ဒပြခံရသည့် ဌာနလေးခုကို မေးမြန်းရာတွင်ရုံးပိတ်ရက်ဖြစ်နေခြင်းကြောင့် ပြန်လည်ဖြေဆိုမည့်သူ မရှိပေ။

(ဓာတ်ပုံ၊အောင်ကိုဦး၊ မဇ္ဈိမ)

မဇ္ဈိမ By : အောင်ကိုဦး

Originally published at - http://mizzimaburmese.com/article/15071....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate