Sunday, 5 June 2016

သာယာဝတီမြို့နယ် ဘုန်းတော်ကြီးကျောင်းတွင် လူ ၁၁ ဦး အစာ အဆိပ်သင့်



ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း သာယာဝတီ မြို့နယ် အနောက်ဘက် အိပ်လဟာ ကျေးရွား အုပ်စု အင်းပုည ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဇွန်လ ၃ ရက်နေ့ ညနေ ငါးနာရီ ခန့်က ကျောင်းထိုင် ဆရာတော် အပါအဝင် ၁၁ ဦး အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောကြားသည်။

အဆိုပါ ၁၁ ဦးအနက် ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါး၊ အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို သာယာဝတီ ခရိုင်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ကျန်သုံးဦး ကိုမူ ကျေးရွာ ကျန်းမာရေးမှူး ဦးသိန်းဟန်နှင့် အဖွဲ့က စောင့်ရှောက်ပေး ထားကြောင်း ၎င်းကဆိုသည်။
" ကျွန်တော်တို့ရွာ ဘုန်းတော်ကြီးက ဇွန်လ ၁ ရက်နေ့မှာ ဝက်သားနဲ့ အလှူလုပ်တယ်။ ဇွန် ၃ ရက်နေ့မှာ ကိုရင်းလေးတစ်ပါး ခေါင်းတွေ မူးပြီး အော့အန်လာတယ် ဝမ်းတွေသွားတယ်။ တစ်ဦးတည်း ဆိုတော့ ဖြစ်ရိုးဖြစ်စဉ်လို့ ထင်ခဲ့တာ။

ကျန်တဲ့လူတွေပါ ဆက်ဖြစ်လာတော့ မသင်္ကာတာနဲ့ လူမူကူညီရေးအသင်းက ကားတွေနဲ့ သာယာဝတီခရိုင် သာယာဝတီပြည်သူဆေးရုံကို ဆက်ပို့ရတယ်။ အခုတော့ နေကောင်း လို့ ပြန်လာတဲ့သူတွေရှိသလို တချို့လည်း ဆေးရုံမှာ ကျန်နေသေးတယ်" ဟု အင်းပုညကျေးရွား အုပ်ချုပ်ရေးမှူး ဦးအုန်ကြိုင်က ဆက်လက်ပြောကြားသည်။

အိပ်လဟာကျေးရွာတွင် အစာအဆိပ့်သင့်မှု ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ဆက်သွယ် မေးမြန်း ရာ ဖြေကြားပေးခြင်းမရှိပေ။

The Voice Weekly

....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate