Thursday, 2 June 2016

လှေနစ်မြုပ်သေဆုံး ကျောင်းသူ/သား ၇ ဦးအတွက် ဝမ်းနည်းကြေကွဲခြင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇွန်လ ၁ ရက်ကဖြစ်ပွားခဲ့သည့် ကူးတို့စက်လှေနစ်မြုပ်၍ သေဆုံးသွားသည့် ကျောင်းသူ/သား ၇ ဦးအတွက် ကျနော် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်။
လှေနစ်မြုပ်၍သေဆုံးသွားသည့် ကျောင်းသူ၊ ကျောင်းသားများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်အထကကျောင်းမှ ဖြစ်ကြပြီး မောင်ရီဝေလင်း (၉)တန်း၊ မငြိမ်းငြိမ်းထွေး (၈)တန်း၊ မခိုင်ဖြိုးဦး (၈)တန်း၊ မခိုင်ဖြိုးဌေး (၈)တန်း၊ မကြည်ကြည်မ (၇)တန်း၊ မအေးငြိမ်းစိုး (၇)တန်း၊ မမြတ်ကေဝင်း (၇)တန်းတို့ဖြစ်ကြကြောင်း ပိုးရွှီပြင် မဟာမိတ်လူမှုရေးအသင်းထံမှ သိရသည်။
ယခုသေဆုံးသွားသူများအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၃ဝ ကျော်ကိုတင်ဆောင်လာသည့်
ကူးတို့စက်လှေမှာ ဇွန်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ပိုးရွှီပြင်ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများနေထိုင်ရာ ရခိုင်ဂန့်ဂါကျေးရွာသို့ ကူးတို့စက်လှေဖြင့်ကူးကြရာ လှေပေါ်ပါလူဦးရေအဆမတန်များပြားရာမှတဆင့် ယခုကဲ့သို့ လှေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မီးသင်္ဂြိုလ်ခဲ့ကြကြောင်းလည်း ဒေသခံများထံမှ သိရပါသည်။
မာန်ယုကျော် (ရွှေဝမြေ)
ဝ၂ဝ၆၁၆
ဓာတ်ပုံ - ပိုးရွှီပြင်မဟာမိတ်လူမှုရေးအသင်း
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate