Wednesday, 8 June 2016

ရခိုင်တွင် ၁၉၈၂ ဥပဒေအရ လူမျိုးခြားများအား နိုင်ငံသား ဟုတ်မဟုတ် စိစစ်ခြင်း စတင်နေပြီ ဖြစ်ရာ နိုင်ငံသား မဟုတ် သူများကို ပြည်ပ တစ်နေရာ ပို့သင့်ကြောင်း ရခိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အကြံပြု


 
(ရန်ကုန်၊ ဇွန် ၇)
ရခိုင် ၃ မြို့နယ်မှ ဘင်္ဂါလီ များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေနှင့် စိစစ်ခြင်း လုပ်ငန်း အား ဇွန်လ ၇ ရက်နေ့က  စတင် ပြီ ဖြစ်ရာ နိုင်ငံသား မဟုတ်သူများကို နိုင်ငံတွင်း မထားဘဲ ပြည်ပတစ် နေရာသို့ ပို့သင့်ကြောင်း မြေပုံမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ် ရခိုင်အမျိုးသား ပါတီမှ ဦးဖေသန်းက ဆိုလိုက်သည်။
”ဒီအစီအစဉ်ကို ကြိုဆိုပါ တယ်။ နိုင်ငံသား ဖြစ်တဲ့သူကို နိုင်ငံ သား အခွင့်အရေး ပေးရမယ်။ နိုင်ငံ သားမဖြစ်တဲ့ သူတွေကို ဒီနိုင်ငံမှာ မထားဘဲ တစ်နေရာကို ပို့ရမယ်”ဟု ၄င်းကပြောသည်။
ယခု အစီအစဉ်တွင် ယခင် အစိုးရ လက်ထက် ၂ဝ၁၄ခုနှစ်က ထိုအစီအမံနှင့် အလားသဏ္ဌာန် တူသော ဆောင်ရွက်မှု အတိုင်း ဆောင် ရွက်ခဲ့သည့် မြေပုံ မြို့နယ် အပြင် တစ်ကြိမ် တစ်ခါမှ မဆောင် ရွက်ခဲ့သည့် ကျောက်ဖြူနှင့် ပုဏ္ဏား ကျွန်း မြို့နယ် တို့လည်း ပါဝင် သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံဖြိုးတိုး တက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ၏ လမ်း ညွှန်မှုဖြင့် ဆောင်ရွက်သည့် ယခု အစီအစဉ်သည် ၇ ရက်ခန့် ကြာ မြင့်မည်ဟု အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောသည်။

အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ယခု ဆောင်ရွက်မှုသည် ရရှိလာသည့် စာရင်းကို ပူးပေါင်း အဖွဲ့နှင့် စစ်ဆေးကာ နိုင်ငံသား ဟုတ်လျှင် နိုင်ငံသား စိစစ်ရေး ကတ် ထုတ်ပေးမည် ဖြစ်ပြီး နိုင်ငံ သား မဟုတ်လျှင် နိုင်ငံခြားသား စိစစ်ရေးကတ်၊ နိုင်ငံသားဖြစ်ရန် အထောက်အထား လိုအပ်သူ ဆို ပါက နိုင်ငံသား စစ်ဆေးခံရမည့် သူ လက်မှတ် စသည်ဖြင့် ထုတ်ပေး သွားမည်ဟု ဆိုသည်။
၂ဝ၁၄ ခုနှစ် က မြေပုံမြို့နယ်၌ စိစစ်မှု ပြုလုပ်ရာ၌ ဘင်္ဂါလီ ၁ဝ၉၄ ဦးတွင် နိုင်ငံသား ဖြစ်သွားသူ ၉၆၉ ဦး၊ နိုင်ငံသား ပြုခွင့်ရသူ ၉၇ ဦး ရှိခဲ့သည်။
ယခု တစ်ခေါက် ရရှိလာမည့် အရေအတွက် ကိုမူ ကောက်ယူ စိစစ်မှု ထွက်လာမှ သိရမည် ဟု ဦးမြင့်ကြိုင် က ပြောသည်။
စာရင်း ကောက်ယူရာတွင် လဝက ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများ၊ ရဲအစ ရှိသည် တို့ ပါဝင် သည်။
မြေပုံ၊ ကျောက်ဖြူနှင့် ပုဏ္ဏား ကျွန်းမြို့နယ် တို့ပြီးလျှင် တစ်ပြည် နယ်လုံး မှ ဘင်္ဂါလီ တို့ကို စာရင်း ကောက်ယူရန် လည်း ရှိသည်ဟု အလုပ် သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ သိရသည်။
http://popularmyanmar.com/afpopular/?p=19563
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate