Wednesday, 22 June 2016

ထိုင်းတွင် အီး-စီးကရက် သုံးစွဲရောင်းချပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်မည်



ထိုင်းနိုင်ငံမှာ အီး-စီးကရက် လက်ဝယ် ပိုင်ဆိုင် ထားရှိ သူတွေကို ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ် ချမှတ် မယ်လို့ အွန်လိုင်း နာမည်ကျော် ရဲဌာန စာမျက်နှာ တခုဖြစ်တဲ့ “မာ့တ်ကာ” က အတည်ပြု လိုက်ပါတယ်။

ဥပဒေကို ချိုးဖောက်တဲ့ အီး-စီးကရက် အသုံးပြု သူတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ထုတ်လုပ် သူတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနရဲ့ တားမြစ်မူးယစ်ဆေးဝါးစာရင်းထဲမှာ အက်ဖီတမင်း ပါဝင်လာခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံရှိ “မာ့တ်ကာ” အမည်ရ အွန်လိုင်းရဲဌာနမှ ရဲအရာရှိ ဆီရီ ရတ် ပီရန်ကူရဲ့ အကြံပြုချက်အနေနဲ့ ခုလို အရေးယူဖို့ ထွက်ပေါ်လာခဲ့တာပါ။
ဒါပေမယ့် ဒီ အီး-စီးကရက်ကို တရားဝင် အသုံးပြုခွင့် ပေးထားသလား ဆိုတဲ့အပေါ်မှာ ရှုပ်ထွေးမှုတွေ ရှိနေပါသေးတယ်။

အီး-စီးကရက်တွေဟာ ထိုင်းနိုင်ငံမှာ အခွန်စည်းကြပ်မှုမဲ့ ကုန်စည်တမျိုးအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ဒါတွေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်တာတွေနဲ့ ပတ်သက်ပြီး အထူးတလည် တားမြစ်ထားတဲ့ ဥပဒေ ရှိမနေဘူးလို့ ဆီရီရတ်က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို လက်ဝယ်ထားရှိတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၄ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်လုံး ကျခံစေမယ်လို့ ဆိုပါတယ်။

အီး-စီးကရက် တရားမ၀င် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်၊ ဒါမှမဟုတ် လက်ဝယ်ရှိ ကုန်စည်တန်ဖိုးရဲ့ ၅ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်ပေါင်း ကျခံရမှာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက လွှတ်တော်မှ အတည်ပြုလိုက်တဲ့ ဥပဒေပေါ် အခြေခံပြီး ထွက်ပေါ်လာတာလို့ ထိုင်းအခြေစိုက် ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ အီး-စီးကရက်သုံးစွဲတာတွေ၊ အရောင်းမြှင့်တင်တာတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုပါ တားမြစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate