Tuesday, 7 June 2016

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအမွေအနှစ်များ ပျက်ဆီးဆုံးရှုံးမှု မရှိစေရန် Save The Bagan လှုပ်ရှားမှုစတင်

(ဓာတ်ပုံ - အောင်ကိုဦး)
ပုဂံ၊ ဇွန် ၇ ။             ။ ပုဂံနှင့် ညောင်ဦး ရှေးဟောင်ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ ဆက်လက်ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဒေသခံများက "အဖိုးထက်မျိုးဆက်တို့ပုဂံ SAVE THE BAGAN" ကမ်ပိန်းကို ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့သည်။
ပုဂံ အာနန္ဒာဘုရား၊ ညောင်ပင်ဝိုင်းမှ စတင်ပြီး လူစည်ကားသည့်နေရာများ နှင့် ရှေးဟောင်းဘုရားများတွင်  နံနက် ၈နာရီမှ စတင်လှည့်လည်၍ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
အဆိုပါကမ်ပိန်းပြုလုပ်သော မျိုးဆက်သစ်လူငယ်များသည် လက်ကမ်းစာစောင်များဝေခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်ကို ကာကွယ်ရန်အတွက် ထောက်ခံလက်မှတ်များလည်း ကောက်ခံခဲ့သည်။
ထောက်ခံလက်မှတ် ကောက်ခံမှုကို ၄၅ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာသည့် လက်မှတ်များကို အစိုးရထံ ပြန်လည်တင်ပြသွားမည်ဟု ဦးဆောင်လှုပ်ရှားသူ ကိုစံထွေးအောင်က ပြောသည်။
လက်ကမ်းစာစောင်ထဲတွင်မူ ပုဂံ၊ ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဥပဒေနှင့်မညီညွှတ်သော ခေတ်သစ်အဆောက်အဦးများနှင့် ခြံခတ်သိမ်းပိုက်ထားသော မြေနေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေး၊ တားဆီးပိတ်ပင်ခံထားရသော ဒေသခံများ၏
စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်း အလုံးစုံအား ဥပဒေနှင့်အညီ အမြန်ဆုံးလမ်းဖွင့်ဆောင်ရွက်ပေးရေး၊ ဒေသတွင်း ရှေးဟောင်းအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကျွမ်းကျင်ပညာရှင်များအား ဦးဆောင်စေ၍ ဒေသခံများနှင့်သက်ဆိုင်ရာ NGO အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာ တင်ပြသိရှိခွင့်ရရှိရေး၊ ဒေသတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ကျူးကျော်သိမ်းဆည်းခံ မြေနေရာများအား (အများပိုင်မြေ၊အများပိုင်လမ်းနယ်၊ လယ်ယာမြေ)များအား ဥပဒေနှင့်အညီ ပြန်လည်စီစစ်ဆောင်ရွက်ပေးရေး၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် တာဖို့ကျူးကျော်ဘောင်ခတ်ထားသောနေရာများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရေးတို့ ပါဝင်သည်။
"ရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ အဖိုးထိုက်တန်သော၊ တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဟာ အလွန်အင်မတန်ပျက်စီးနေတဲ့အနေထားဖြစ်နေပါတယ်။ ဘာကြောင့်ပျက်စီးဆုံးရှုံးနေရသလဲဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကိုယ်ကျိုးအတွက် ဘုရားတွေအနားမှာ ဘတ်ဟိုးတွေ ကရိန်းတွေနဲ့အဆောက်အဦးတွေ ရေကန်ရေကူးကန်တွေ တည်ဆောက်နေကြတယ်။ တာဝါကြီးတွေ ရွှေနန်းတော် အတုကြီးတွေတည်ဆောက်ထားပါတယ်။ အဲဒါတွေကြောင့် အစားထိုးမရတဲ့ယဉ်ကျေးမှုတွေပျောက်နေပါတယ်။"ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုစံထွေးအောင်ကပြောသည်။
ဆက်လက်၍ ကိုစံထွေးအောင်က လုပ်ငန်းရှင်ကြီးများ၏ ဟိုတယ်နှင့်တည်းခိုးခန်းများအား ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားသော်လည်း ဒေသခံများလုပ်ကိုင်မည့် လုပ်ငန်းများအား လုပ်ကိုင်ခွင့် မပေးသောကြောင့်လည်း ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်နေသည်ဟုဆိုသည်။
"ဒီကမ်ပိန်းလုပ်ရတာက နိုင်ငံတော်နဲ့ပြည်သူလူထုသိစေချင်လို့ပါ။ မဟာပုဂံဟာ ဘယ်လောက်ပျက်စီးနေပြီလဲဆိုတာပါ။ ဒါကို ကာကွယ်ဖို့ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံးပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။
ရှေးဟောင်ယဉ်ကျေးနယ်မြေဖြစ်သည့် ပုဂံ၊ညောင်ဦးသည် ၂၀၀၀ခုနှစ်ခန့်မှစတင်၍ သိသိသာသာပျက်စီးယိုယွင်းလာနေပြီး စနစ်တကျပြုပြင်ထိန်းသိမ်းမှုများ အားနည်းနေသည့်အပြင် ထိုရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်များတည်ဆောက်ခွင့်ပြုနေခြင်းနှင့် လုပ်ငန်းရှင်အချို့မှာ ဘုရားများနှင့်ထိစပ်နေသည့်မြေများကို ဝင်းခြံခတ်၍ ယူထားခြင်းများကြောင့် ပုဂံညောင်ဦးယဉ်ကျေးမှုနယ်သည် အကျဉ်းတန်နေသည်ဟု ကမ်ပိန်းပြုလုပ်သူများကဆိုသည်။
အဆိုပါကမ်ပိန်းကို ပုဂံ၊ ညောင်ဦး၊ မြင်းကပါး၊ ဝက်ကြီးအင်း၊ မင်းနန်းသူ၊ ဖျောက်ဆိပ်ပင်၊ ကုန်းတန်းကြီး၊ သန့်စင်ကြယ် စသည့်ကျေးရွာများမှ ဒေသခံများပါဝင်သည်။
http://mizzimaburmese.com/article/14955....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate