Monday, 1 August 2016

စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် မြို့မှာ ရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှု လှုပ်ရှားမှု အဖွဲ့က စောင့်ရှောက် ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက် အတွက် တရားဝင် နေထိုင်ခွင့် ပေးဖို့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်း အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

တိုင်းရင်းသား လူနည်းစု တွေနဲ့ နိုင်ငံမဲ့ သူများ ဆိုင်ရာ NHRC ဆပ်ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ SAW အဖွဲ့က ဖွင့်လှစ် ထားတဲ့ ရိပ်သာကို အလည် အပတ် သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်း လိုက်တာပါ။
တရားဝင်နေထိုင်ခွင့်မရှိကြတဲ့ ဒီကလေးတွေအတွက် လူထုရဲ့အကူအညီကို SAW က မတောင်းခံနိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒီကလေးတွေကို ချက်ချင်းအကူအညီပေးပါလို့ Mr. Surapol က တိုက်တွန်းပါတယ်။

SAW ဟာ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးတွေကိုလည်း ကူညီစောင့်ရှောက်ထားတဲ့အတွက် ဒီအဖွဲ့ကို ကူညီထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းတစ်ခုထူထောင်ဖို့ ကြိုးစားမယ်လို့လည်း ပြောပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate