Wednesday, 17 August 2016

ထိုင်းဗုံးခွဲမှု ဒုတိယမြောက်သံသယရှိသူတဦးကို ထပ်မံဖမ်းဝရမ်းထုတ်

Cp91iIMUkAQgEWX.jpg medium
အရင်သီတင်းပတ်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး ဒုတိယမြောက် သံသယရှိသူကို ဖမ်းဝရမ်းထုတ်ပြီးပြီလို့ ထိုင်းရဲတွေက ဒီနေ့ အတည်ပြု ပြောဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် လူ ၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ လူတွေ ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။
ထိုင်းတောင်ပိုင်းခရိုင် ၇ ခုမှာ အရင်တပတ် သြဂုတ် ၁၁ နဲ့ ၁၂ ရက်နေ့တွေက ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့တာပါ။
စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အခြေခံဥပဒေကို လက်ခံ၊ မခံ ဆုံးဖြတ်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘယ်အုပ်စုကမှ သူတို့လက်ချက်အဖြစ် တာဝန်မခံသေးပါဘူး။
ထိုင်းရဲနဲ့ အကြီးတန်း အရာရှိတွေကလည်း နိုင်ငံခြား စစ်သွေးကြွပတ်သက်မှု တခုမှ မရှိဘူးလို့ လူသိရှင်ကြား ပြောထားပါတယ်။
“ဖူးခက်မြို့ ဗုံးခွဲမှုနဲ့ပတ်သက်ပြီး လူတယောက်ကို ဖမ်းဝရမ်းထုတ်ထားတယ်၊ တခြားခရိုင်တွေ အပါအဝင် နယ်မြေ အတော်များများမှာ စုံစမ်းစစ်ဆေးနေတယ်” လို့ ရဲတပ်ဖွဲ့ ဒုပြောခွင့်ရ ခရစ်စနာ ပတ်တနာချရီယွန်က ပြောပါတယ်။
မီးရှို့မှုအတွက် တခြား သံသယရှိသူ တယောက်ကို ဖမ်းခဲ့ပြီးပြီလို့ ရဲတွေက သြဂုတ် ၁၄ ရက်နေ့က ပြောထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝုန်ဆူဝမ်ကတော့ တိုက်ခိုက်မှုတွေဟာ တောင်ပိုင်းသူပုန်တွေနဲ့ ပတ်သက်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် တောင်ပိုင်းသူပုန်တွေရဲ့ ခွဲထွက်ရေး စစ်ပွဲအတွင်း နယ်ကျော် ဗုံးခွဲတာက နောက်ဆက်တွဲ လုပ်လေ့မရှိဘူးလို့ ဆိုပါတယ်။
လုံခြုံရေး ပညာရှင်တွေကတော့ ထိုင်းတောင်ပိုင်း မလေးသူပုန်တွေကြောင့်လို့ ဝန်ခံလိုက်ရင် ထိုင်းနိုင်ငံအတွက် စီးပွားရေးနဲ့ လုံခြုံရေးကို အသည်းအသန် ဂယက်ရိုက်နိုင်လို့ တရားဝင် ငြင်းခဲ့ရင်လည်း မအံ့သြဘူးလို့ ပြောပါတယ်။
ဗုဒ္ဓဘာသာဝင် လူများစုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မလေး မွတ်စလင် လူများစုဖြစ်တဲ့ နိုင်ငံတောင်စွန်းက ယာလာ၊ ပထာနီနဲ့ နရာသီဝပ် ခရိုင်တွေကို ကျန်ခဲ့တဲ့ ရာစုနှစ်က မလေးစူလတန်တွေ လက်ကနေ သိမ်းပိုက်ခဲ့တာပါ။ ဒီနယ်မြေတွေက ဗဟိုအစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ၂၀၀၄ ကစလို့ အကြမ်းဖက် တော်လှန်ခဲ့ပါတယ်။
ခွဲထွက်ရေး စစ်ပွဲအတွင်း ဗုံးခွဲမီးရှို့ ပစ်ခတ်မှုတွေကြောင့် လူအယောက် ၆၅၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ပထာနီအခြေစိုက် ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ Deep South Watch အဖွဲ့က ဆိုပါတယ်။
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate