ထိုင်းတောင်ပိုင်းတွင် ပိတ်လှောင်ခံ မြန်မာ ၆၂ ဦးကို ကယ်ထုတ်
သွားရောက်စစ်ဆေးပြီး ကယ်ထုတ်ခဲ့တာလို့ အမှတ် ၆ စစ်တိုင်းဒေသ ဗျူဟာမှူး ဗိုလ်မှူးကြီး နရုန်းထေ့စ်ဝိဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် တဦးကို ကျပ် ၂ သိန်း ပွဲစားခပေးခဲ့ရကြောင်း၊ ပွဲစားက မဲဆောက်ဘက်ကနေတချို့၊ ရနောင်းဘက်ကနေတချို့ သွားခေါ်လာပြီး ဒီရောက်တော့ အိမ်ဟောင်းတလုံးထဲ လာပစ်ထားကြောင်း၊ မလေးရှားကို ဆက်ပို့ပေးဖို့သူ လာကြိုလိမ့်မယ်လို့ ပြောသွားပေမယ့် ၅ ရက်ကြာတဲ့တိုင် လာကြိုမယ့်သူ မရှိဘူးလို့ ကယ်ထုတ်ခံရသူတွေက ပြောပါတယ်။
ကယ်ထုတ်ခဲ့တဲ့ သူတွေထဲမှာ အသက် ၂၀ မှ ၄၀ ကြားရှိ အမျိုးသမီး ၁၁ ဦး၊ အသက် ၂၀ မှ ၅၀ ကြားရှိ အမျိုးသား ၅၁ ဦးတို့ ပါဝင်ကာ ပတ်စ်ပို့ရှိသူ ၆ ဦးသာရှိတဲ့အတွက် လ၀က ဥပဒေအရအရေးယူဖို့ ဗာဒန်ဘေဇာရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဗျူဟာမှူးက ပြောသွားပါတယ်။
....
0 comments:
Post a Comment