Thursday, 4 August 2016

ဖူးကက်တွင် အလုပ်သမားများအဖမ်းခံရ၍ အလုပ်ရှင်များ ဆန္ဒပြ


4 August 2016 By ဒီဗွီဘီ
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ခရိုင်မှာ ထိုင်းအစိုးရရဲ့ တရားမ၀င်အလုပ်သမား
နှိမ်နင်းရေး စီမံချက်ကြောင့် သူတို့အလုပ်သမားတွေပါ အဖမ်းခံနေရတာနဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေ ဆန္ဒပြခဲ့ကြတယ်လို့ phukethotnews သတင်းမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၃ ရက် မနက်ပိုင်းက ဖူးကက်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်
ပေါင်း ၁၀၀ ကျော်ဟာ ဖူးကက်မြို့ ဆနမ်ချိုင်းရင်ပြင်မှာ လာရောက်စုဝေး ဆန္ဒပြပြီး ခရိုင်ဝန်ဆီ တောင်းဆို ချက်တွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
သူတို့အလုပ်သမားတွေဟာ ဇူလိုင်လ ၂၉ ရက်နေ့အမီ နေထိုင်ခွင့် ပန်းရောင် ကတ်တွေ သက်တမ်းတိုးထားကြပေမယ့် လူများတဲ့အတွက် ကနေ့ထိ ကတ် မရသေးကြောင်း၊ ဒါပေမယ့် စစ်ဆေးရေးအဖွဲ့တွေ ရောက်လာတဲ့အခါ ဘာမှပြစရာမရှိလို့ အဖမ်းခံရကြောင်း၊ ဒါကြောင့် အလုပ်သမားတွေ အလုပ် မဆင်းရဲတော့ဘဲ သူတို့လုပ်ငန်းပေါ်လည်း ထိခိုက်မှုရှိနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ တရားမ၀င်အလုပ်သမားနှိမ်နင်းရေးကို အလုပ် သမားတွေ ကတ်ရပြီးတဲ့ အထိ ဆိုင်းငံ့ပေးဖို့နဲ့ ပန်းရောင်ကတ် သက်တမ်း တိုးခြင်းလုပ်ငန်းစဉ် အလျင်အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ တောင်းဆို တယ်လို့
ဖူးကက်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကိုယ်စား လှယ် နိုင်းဝီရချိုင်း ဆစ်ဆုမ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် အခြားလုပ်ငန်းရှင်တဦးဖြစ်တဲ့ နိုင်းဖာနုဝပ်ဖုန်းဖစ်ကလည်း သက်ဆိုင် ရာက ရွှေ့ပြေင်း အလုပ်သမားများရဲ့ လုပ်ငန်းခွင်ဧရိယာ ပိုမိုကျဉ်းမြောင်းအောင် ကန့်သတ်လိုက်တာလည်း သူတို့လုပ်ငန်း ထိခိုက်မှုရှိနေတယ်လို့ ပြောပါတယ်။
ယခင်က သူတို့အလုပ်သမားတွေကို မြို့နယ်တွင်းမှာ ခေါ်ယူခိုင်းစေလို့ရပေမယ့် အခုခါမှာ အလုပ်သမားတွေဟာ သူတို့နေထိုင်ရာရပ်ကွက်ထဲမှာဘဲ လုပ်ဆောင်ခွင့် ရှိကြောင်း၊ ဒီရပ်ကွက် ကနေ တခြားရပ်ကွက်ကို သွားလုပ်မယ်ဆိုရင် အလုပ်သမားရုံးမှာ အလုပ်နေရာပြောင်းမယ့် အကြောင်း ခွင့်ပြုချက်တောင်းခံရကြောင်း၊ ပြောင်းရွှေ့ခ ငွေသွင်းရသလို ခွင့်ပြုမိန့်က ၅ ရက်ကနေ ၇ ရက်ထိကြာတတ်ကြောင်း၊ ဒါပေမယ့် သူတို့ဆောက်လုပ်ရေး လုပ်ငန်းသဘော သဘာဝက ဥပမာ -ပြင်ဆင်ဆောက်လုပ်ရေးဆိုရင် အချိန်နဲ့ တပြေးညီလုပ်ရသလို သွားလုပ်ရ တာလည်း တပတ်မတိုင်ခင် အလုပ်ပြီးဆုံးတဲ့ အတွက် အလုပ်သမားရုံးက ခွင့်ပြုစာေ စာင့်ရတာနဲ့ အလျင်မမီကြောင်း၊ တချို့ လုပ်ငန်းရှင်မှာ ရပ်ကွက်ပေါင်း ၁၀ ခုကို တပြိုင်တည်း လုပ်ကိုင်နေရတဲ့ အတွက် သူတို့အလုပ်သမားတွေ နယ်မြေပြောင်းလုပ်ခွင့် တောင်းခံရတာ အ လျဉ် မမမီကြောင်း၊ ဖူးကစ်ခရိုင်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ပေါင်း (အသေးစား လုပ်ငန်းရှင်) အပါအ၀င် အားလုံး ၃၀၀ လောက်ရှီပြီး အားလုံးလို လုပ်ငန်းခွင် အဆင်မပြေမှုတွေဖြစ်နေရတဲ့အတွက် အလုပ်သမား များရဲ့ အလုပ်လုပ်ခွင့် ဧရိယာကို ရပ်ကွက်မှ မြို့နယ်ထိ ပြင်ဆင်တိုးချဲ့ပေးဖို့ တောင်းဆို
ကြောင်း ပြောသွားပါတယ်။
အလုပ်ရှင်များရဲ့ တောင်းဆိုလွှာကို ဖူးကက်ခရိုင်ဝန်ကိုယ်စား ဒုခရိုင်ဝန် နိုင်း ခကျွမ်းကစ် ရတ်ဖားနစ်မနီးက လာရောက်လက်ခံရယူသွားပါတယ်။
http://burmese.dvb.no/archives/162130
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate