Wednesday, 14 December 2016

ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို အေကေ ၄၇ သေနတ် ၁၉

ak-47-pajero alp

နိရဉ္စရာ၊ ဒီဇင်ဘာ ၉
ကရင်ပြည်နယ် ဘားအံမြို့ မြို့ဝင်ဂိတ်တခုတွင် မသင်္ကာဖွယ်ရာ ယာဉ်တစီးအား ဒီဇင်ဘာ ၉ နေ့ခင်းပိုင်းက ရှာဖွေစစ်ဆေးရာမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စီးပွားရေးတာဝန်ခံ ခိုင်မျိုးသိန်း အပါအဝင် လူ ၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း News Watch က သတင်းဖော်ပြသည်။
လှိုင်းဘွဲမြို့နယ်ဘက်မှ ဘားအံမြို့ကို ဦးတည်မောင်းနှင်လသော Pajero ကား 2/G 9598 အား ကရင်ပြည်နယ် ဘားအံမြို့လှာကမြင်ကျေးရွာအုပ်စု တောင်ကလေးမြို့ဝင်ဂိတ်တွင် မူးယစ် ထောက်လှန်းရေးများမှ ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီမိသည်ဟု ဆိုသည်။

၎င်းလက်နက်များကို ကားထိုင်ခုံအောက်နေရာများတွင် သိုဝှက်သယ်ဆောင်လာခဲ့ကြောင်း၊ AK 47 အမျိုးအစား သေနတ် ၁၉ လက် ကျည်တောင့် ၃၀၀ ကျော် နှင့် အတူ ငွေသား ကျပ်သိန်း ၃၆၀ ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

ကားပေါ်တွင် ALP ရခိုင်လွတ်မြောက်ရေးပါတီမှ စီးပွားရေးတာဝန်ခံ ခိုင်းမျိုးသိန်းပါ နှစ်ဦး စုစုပေါင်း ၃ ဦးလိုက်ပါလာကြောင်း လက်ရှိတွင် ဘားအံမြို့ မှုးယစ် အထူးရဲတပ်ဖွဲ့ စခန်းတွင် စစ်ဆေးဆဲ ဖြစ်ကြောင်းသတင်းရရှိကြောင်း News Watch က သတင်းဖော်ပြထားသည်။

15327256_1363954150283325_6559470655273367204_n

....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate