Monday, 12 December 2016

ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် စစ်တွေက စားသောက်ဆိုင်ကို တရားစွဲ


စစ်တွေ၊ နိုဝင်ဘာ ၄ ရက်။ စားသောက်ဆိုင်အမည်ခံဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှု၊ ၀န်ထမ်းများကို လုပ်အားခ အပြည့်အ၀ မပေးမှု၊ ညှင်းပန်းနှိပ်စက်မှု တို့ဖြင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အဝေးပြေးဝင်းအနီးမှ “ကျော်” စားသောက်ဆိုင်ကို ရခိုင်ပြည်နယ် အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ဖမ်းဆီး တရားစွဲဆိုလိုက်သည်။
အဆိုပါ စားသောက်ဆိုင်တွင် လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးမှ ၎င်းတို့ကို နှိပ်စက်ခဲ့မှုများနှင့် ပတ်သက်၍ နေပြည်တော် လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဟော့လိုင်း (Hotline) သို့ တိုင်ကြားချက်အရ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁ ရက်နေ့ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စားသောက်ဆိုင်မှ အမျိုးသမီး ၁၄ ဦးကို တွေ့ရှိခဲ့ပြီး ၇ ဦးကို သက်သေအဖြစ် ထိန်းသိမ်းထားကာ ကျန် ၇ ဦးကို လွှတ်ပေးခဲ့သည်။
“ သူတို့တွေကို အတင်းအားဓမ္မနှိပ်စက်တယ်၊ ခေါင်းပုံဖြတ်ပြိး အမြတ်ထုတ်တာ၊ နှိပ်စက်ညှင်းပန်းမှုတွေလည်း ရှိတယ်။” အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူး ကျော်ညွ့န်က ပြောသည်။
အမျိုးသမီး ၁၄ ဦးကို စားသောက်ဆိုင်အတွင်းမှ ပြင်ပသို့ ထွက်ခွာခြင်း မပြုဘဲ၊ အစောင့်အမျိုးသား ၀န်ထမ်းများ ထားရှိကာ လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးများ ကာရံပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခြင်း၊ လုပ်ခလစာနှင့် ရသင့်ရထိုက်သည့် ခံစားခွင့်များကို ခေါင်းပုံဖြတ်ထားခြင်းတို့ကို စားသောက်ဆိုင်ပိုင်ရှင်များမှ ပြုလုပ်ခဲ့ကြောင်း ရဲမှူး ကျော်ညွန့်က ပြောသည်။
“ကျော်” စားသောက်ဆိုင်သည် ကာရာအိုကေ လုပ်ငန်းကို တွဲလျက်ဖွင့်ထားပြီး ပြည့်တန်ဆာ လုပ်ငန်းကိုပါ ဆောင်ရွက်နေကြောင်း၊ ပိုင်ရှင်ဖြစ်သူ ဦးမြတ်ကျော် (အသက် ၃၉) နှစ်နှင့် မန်နေဂျာ မသဲသဲ (ခ) အိသဲဖြူ (အသက် ၂၀) တို့ကို အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲအုပ် ရွှေမောင် မှ တရားလိုပြုလုပ်ပြီး လူကုန်ကူးမှု တားဆီးရေး ဥပဒေပုဒ်မ ၂၄ အရ တရားစွဲဆိုနိုင်ရန် စီစဉ်နေသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၇ ခုထိ ရှိခဲ့ပြီး ယခု အမှုသည် ပထမဦးဆုံး ပြည်နယ်အတွင်း ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ မှတ်တမ်းများအရ သိရသည်။
http://www.rootagency.info
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate