Friday, 16 December 2016

ရွှေ့ပြောင်းမြန်မာအလုပ်သမားလူငယ်တစ်ဦးက ထိုင်းတက္ကစီမောင်းသမားကိုသေနတ်ဖြင့်ပစ်သတ်






รวบแล้วแรงงานเมียนมา ฆ่าโชเฟอร์แท็กซี่
ရွှေ့ပြောင်းမြန်မာအလုပ်သမားလူငယ်တစ်ဦးက ထိုင်းတက္ကစီမောင်းသမားကိုသေနတ်ဖြင့်ပစ်သတ်

ရွှေပြောင်းမြန်မာဆောက်လုပ်ရေးအလုပ်သမား လူငယ် ကိုမင်းရီအောင် အသက် ၂၂နှစ်ဆိုသူက ထိုင်းတက္ကစီမောင်းသမား မစ်စတာ စစ်ထိစတ် အသက် ၅၃နှစ်ဆိုသူကိုပစ်သတ်လိုက်တယ်လို့
ဒီနေ့ မဟာချိုင်ခေဘယ်တီဗွီသတင်းဌာန၏ ဖေ့ဘွတ်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်

အခင်းဖြစ်ပွားရာနေရာမှာတော့ ဘန်းဘော် - ကစာခေါင်လမ်း အမှတ်၁ ရပ်ကွက် စမွတ်စာခွန်မြို့
ဖြစ်ပါတယ် ဖြစ်ပွားချိန်တိကျတော့ဖော်ပြမထားပါဘူး မနေ့ညကပဲဖြစ်ပုံရပါတယ် ဘာအကြောင်းကြောင့်
ပစ်သတ်တာကိုလည်းအသေးစိတ် ဖော်ပြမထားပါဘူး အခုတော့ဖမ်းမိသွားပါပြီ တကယ်ပစ်သတ်ရကြောင်း ၀န်ခံတယ်လို့ဆိုပါတယ် သတင်းစာမျက်နှာအောက်ကခေါ်မန့်တွေမှာ
ရေးသားထားတာကို မြန်မာကို ဆဲတာ ကျိန်တာ ခြိမ်းခြောက်တာတော်တော်များများ တွေ့ရပါတယ်
ကိုမင်းရီအောင်က ပတ်စပို့ထဲအရဆိုရင်  ဘားအံကဖြစ်ပါတယ် စိတ်မကောင်းဖြစ်မိပါတယ်
မကြာသေးခင်ရက်အနည်းငယ်ကလည်း မြန်မာအိမ်ဖော်က လက်ဝတ်ရတနာ ရွှေငွေခိုးသည့်
သတင်းနဲ့ အခုလိုသတင်းဆိုးနဲ့ထပ်ဖြစ်ပြန်ပြီဆိုတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စိတ်ကျဉ်းကြပ်
မှုနဲ့ နေနေရမှာပါ ဘယ်လိုမဆို သတိနဲ့နေထိုင် သွားလာကြရန် တိုက်တွန်းအပ်ပါတယ်
REF: MTF Channel
News Photos Credit: MCCableTV



....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate