Tuesday, 27 December 2016

မောင်တောဒေသအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့မှုအခြေအနေများအား အများပြည်သူသိရှိစေရန်ထုတ်ပြန်ခြင်း (ဗီဒီယိုသတင်း)


ဒီဇင်ဘာ ၂၆၊ ၂၀၁၆

ရခိုင်ပြည်နယ်မောင်တောမြို့နယ် အတွင်းရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကျီးကန်းပြင်၊ ကိုးတန် ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများအား အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြမ်းဖက် စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက် ဆုံးရှုံးခဲ့ကာ ကျည်မျိုးစုံဆုံးရှုံးခဲ့ပါသည်။


ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းများ အနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့် ကျည်များ ပြန်လည်ရရှိရေး၊ အကြမ်းဖက်သမားများ အား ဖော်ထုတ်ရှာဖွေဖမ်းဆီးရေး လုပ်ငန်းများကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ ကြသည်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် တပ်မတော်က အပြင်စည်းပတ်လည်လုံခြုံရေးဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရပ်မိရပ်ဖများပါဝင်စေကာ နယ်မြေရှင်းလင်းမှု ဆောင်ရွက်ခြဲ့ခင်းဖြစ်သည်။ ကျေးရွာများအား ဝင်ရောက်ရှာဖွေခြင်း မပြုမီ ဒေသခံပြည်သူများ နားလည်သဘောပေါက်စေရန်အတွက် မေတ္တာရပ်ခံအသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ပြီးမှသာ စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စနစ်တကျဆောင်ရွက်ခဲ့သည့် မှတ်တမ်းများအား အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်အပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate