Tuesday, 14 March 2017

ထိုင်းရောက်မြန်မာလုပ်သားများအတွက် CI ကတ်များကို လုပ်ငန်းခွင်အတွင်း သွားရောက်ပြုလုပ်ပေးရန် မြန်မာသံရုံးစီစဉ်


Byငြိမ်းချမ်း, 2017-03-13

သက်သေခံ CI လက်မှတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသော မြန်မာလုပ်သားများ(ဓာတ်ပုံ−စောမောင်)
ထိုင်းနိုင်ငံတွင် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI ပြုလုပ်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ ငွေကုန်ကျမှု သက်သာစေရန်နှင့် လုပ်ငန်းခွင်  ပျက်ကွက်မှုမရှိစေ ရေး လုပ်သားများရှိရာစက်ရုံ၊ အလုပ်ရုံများသို့ CI လက်မှတ် များသွားရောက်ပြုလုပ်ပေးမည့် အစီအစဉ် တင်ပြထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်ကပြောသည်။

ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသည့် မြန် မာလုပ်သားများ အလုပ်လုပ်ကိုင် နေသော စက်ရုံ၊ အလုပ်ရုံများသို့ CI လက်မှတ်များကို One Stop Service ဖြင့် ပြုလုပ်ပေးမည့်အစီ အစဉ်ကို နေပြည်တော်ရှိ ပြည် ထောင်စုအစိုးရထံ တင်ပြထား ကြောင်း ဦးမိုးအောင်ခိုင်က 7Day Daily သတင်းစာအားပြောကြားသည်။

‘‘One Stop Service အနေ နဲ့ ကားတွေနဲ့စက်ရုံ၊အလုပ်ရုံတွေ ကိုသွားပြီးတော့ လုပ်ပေးဖို့ ကျွန် တော့်အနေနဲ့ နေပြည်တော်ကို တင်ပြထားတယ်။ အကြောင်း တော့ပြန်မလာသေးဘူး။ ပြန်လာ ပြီဆိုရင် ၀န်ထမ်းအင်အား၊စက် အင်အားဖြည့်ရမယ်’’ဟု ၎င်းက ပြောသည်။

‘‘အဲဒီလိုလုပ်ပေးရင် အလုပ် သမားတွေလည်း လုပ်ငန်းခွင် မ ပျက်တော့ဘူးပေါ့နော်။ အဖမ်းအ ဆီးတွေလည်း နည်းသွားမယ် ပေါ့။ နယ်ကျော်ဖြတ်သန်းခွင့်တွေ ကျ ကလေးတွေရော၊ ငွေကုန် ကြေးကျတွေရော အများကြီး သက်သာသွားမယ်။ ပွဲစားတွေရန် ကလည်း သက်သာမယ်။ မ ဟုတ်ရင် ပွဲစားတွေကို ဘတ်ငွေ သုံးလေးထောင်ပေးနေရတယ်။ ပွဲစားတွေ ပပျောက်သွားမှာပေါ့’’ ဟု ၎င်းကဆက်လက်ပြောသည်။

 ထိုင်းနိုင်ငံ၌ ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား CI ထုတ်ပေးရာတွင် CI စခန်းသို့ ကိုယ်တိုင်သွားရောက်ပြုလုပ်ရန်နှင့် ပွဲစားများဖြင့်မပြုလုပ်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ ၁၀ ရက်၌  အသိပေးကြေညာထားသည်။

CI လက်မှတ်သွားရောက်ပြု လုပ်ရာတွင် နယ်ကျော်ဖြတ်၍ သွားလာလိုပါက သက်ဆိုင်ရာ နယ်မြေ အလုပ်သမားရုံးတွင် နယ်ကျော်ဖြတ်သွားလာခွင့်လက် မှတ်များ တောင်းခံပြီးမှသာ သွား လာကြရန် မြန်မာသံရုံးက ထုတ် ပြန်ထားသည်။

ထို့အပြင် CI လက်မှတ်ပြု လုပ်ရာတွင် အပိုငွေကြေးတောင်း ခံမှုရရှိပါက သက်ဆိုင်ရာ CI စခန်းတာဝန်ရှိသူများထံ တိုင် ကြားရန် အသိပေးထားသည်။

‘‘အလုပ်ရုံတွေအရောက်CI စာအုပ်ထုတ်ပေးရေး ၀န်ဆောင်မှု ပေးမယ်ဆို နယ်မြေဖြတ်ကျော် ခွင့်အခက်အခဲဒုက္ခတွေ၊ အလုပ် သမားတွေ အလုပ်ပျက်ခံပြီး CI သွားလုပ်ရလို့ အချိန်ကုန်၊ ငွေကြေး  ကုန်ကျမှုများပြားခြင်းစတဲ့ဆုံးရှုံးမှုတွေနဲ့ အလုပ်သမားတွေ အ လုပ်ပျက်ရတဲ့အတွက် လုပ်ငန်းရှင်တွေလည်း လုပ်ငန်းပိုင်းဆိုင် ရာ နစ်နာမှုရှိကြတာတွေလည်း လျော့နည်းသွားမှာဖြစ်သလို ပွဲ  စားတွေရဲ့ ခေါင်းပုံဖြတ်အမြတ် ထုတ်မှုကနေ ကင်းလွတ်ခွင့်ရရှိ ကြမှာဖြစ်လို့ အခုအစီအစဉ်ကို အကောင်အထည် မြန်မြန်ဖော် ဆောင်ပေးနိုင်ရင် အလုပ်သမား တွေအတွက် များစွာ အကျိုးရှိမှာ သေချာပါတယ်’’ဟု မဟာချိုင်မြို့ ရှိ CI လက်မှတ်ထုတ်ပေးရေး စခန်း(၁) တွင် စေတနာ့ဝန်ထမ်း အဖြစ် ကူညီပေးနေသော ကို စောမောင်ကပြောသည်။

ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ် ကိုင်ဆောင်ထားသော မြန် မာလုပ်သားများအား သက်သေခံ လက်မှတ် CI ကို နှစ်နိုင်ငံအစိုးရ အစီအစဉ်ဖြင့် မတ်လ ၃ ရက်က စတင် ပြုလုပ်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်သူ မြန်မာလုပ်သား ရှစ်သိန်း၊ လေးနှစ်နှင့် ခြောက်နှစ်စာအုပ်အသီးသီးကိုင်ဆောင်ထားသူ တစ်သန်းခွဲ၊ စုစုပေါင်းမြန်မာလုပ်သား နှစ်သန်းခွဲခန့်သည် သက်တမ်းကုန်ဆုံးနေကြောင်း သတင်းရရှိသည်။

7 Day New...

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate