မြ၀တီမှာ ထိုင်းအမျိုးသားတစ်ဦး ဆီက ကျပ်ငွေ ၅၀၀တန် အတု ၃၃ရွက်ကို ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၃၀။ ။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ၊ ကုန်သွယ်ရေးဇုန်ဝင်ပေါက်မှာဧပြီလ ၂၉ရက်နေ့ညနေ ၆နာရီက ထိုင်းအမျိုးသား တစ်ဦးဆီက မြန်မာငွေစက္ကူအတုများကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။
“ထိုင်းနိုင်ငံသားက ကုန်သွယ်ရေးဇုန်မှာရှိတဲ့ အကောက်ခွန်ကိုငါးရာတန်အတုကျပ် ခြောက်ရွက်ကိုပေးတယ်။ ကြည့်လိုက်တော့ အတုတွေဖြစ်နေတာကို ရဲစခန်းကိုအကြောင်းကြားတယ်။ ထိုင်းနိုင်ငံသားပြန်လာမယ့်
လမ်းကနေစောင့်ပြီး ကားကို ရပ်တန့်စစ်ဆေးတဲ့အချိန်မှာ ငါးရာတန်အတုကျပ် ၂၇ရွက်ကို ထပ်မိပါတယ်”လို့သင်္ဃန်းညီနောင်ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ထိုင်းနိုင်ငံသားမောင်းနှင်လာတဲ့ 6979 နံပါတ်ပါ ခဲရောင် ဟိုင်းလတ်အမျိုးစားယာဉ်ကို မြ၀တီရဲစခန်း၊ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ မြ၀တီမြို့မှုခင်းတပ်ဖွဲ့စု(၁၀)က ရဲတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
သင်္ဃန်းညီနောင်ရဲစခန်းက ထိုင်းနိုင်ငံသား နတခြားနိုး ကို (ပ)၁၅၆/ ၂၀၁၇ ၂၀၁၃ခုနှစ်ဗဟိုဘဏ်အက်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။
နှင်းနှင်း
http://www.kumudranews.com/
....
0 comments:
Post a Comment