Tuesday, 18 April 2017

မြောက်ဦး မြတန်ဆောင်ဆရာတော်ကို ဧပြီ ၂၄ ရက်နေ့ ရုံးတင်ရမန်ယူမည်


ရွှေရအောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဧပြီ ၁၈
ရက္ခိုင့်တပ်မတော် AA ဖလား ဘောလုံးပွဲ ကျင်းပမှုနှင့် ပတ်သက်ပြီး စစ်တွေထောင်တွင် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ရုံးတင်ပြီး ရမန်ယူမည်ဖြစ်ကြောင်း စစ်တွေ အမှတ်(၁) ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
သို့သော် မည်သည့် မြို့နယ် တရားရုံးတွင် ရုံးတင်ပြီး ရမန်ယူမည်ကို မသိရှိရသေးကြောင်း သူက ဆက်လက် ပြောကြားသည်။

မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို (၈) နှစ်မြောက် ရက္ခိုင့်တပ်မတော် အေအေ ဖွဲ့စည်းထူထောင်မှု အထိမ်းအမှတ်အဖြစ် AA Cup (အေအေဖလား) လူငယ် ဘော်လုံးပွဲကို ဆိုင်းဘုတ်ထောင် ကျင်းပရာမှ မြောက်ဦးရဲမှ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
သူတို့နှစ်ဦးအား မြောက်ဦး အခြေစိုက် ခမရ ၅၄၀ မှ အမှုဖွင့် တရားစွဲဆိုသဖြင့် မတရားအသင်း ပုဒ်မ ၁၇ (၁)၊ ၁၇(၂) တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ ဒုရဲမှူး သန်းဖေက နိရဉ္စရာသို့ ဖမ်းဆီးစဉ်က ပြောကြားသည်။
ဖမ်းဆီးခံရပြီးနောက် ချက်ချင်း စစ်တွေထောင်သို့ ယူဆောင်လာပြီး မြတန်ဆောင်း ဆရာတော်ကို လူဝတ်လဲပစ်ခဲ့သည်။
ရက္ခိုင့်တပ်မတော် အေအေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် တွင် ဖမ်းဆီးထောင်ချခံထားရသူ ၆၀ နီးပါးခန့်ရှိနေပြီး ယခုအမှုမှာလည်း အေအေနှင့် ပတ်သက်နေသဖြင့် ရခိုင်ပြည်နယ် အတွင်း လူအများစိတ်ဝင်စားသည့် အမှု တစ်ခု ဖြစ်လာကြောင်း သိရသည်။
လက်ရှိ အချိန်ထိ မြတန်ဆောင်း ဆရာတော်နှင့် ဦးခိုင်နီမင်းတို့အတွက် ရှေ့နေ့များစီစဉ်မှုမရှိသေးကြောင်း၊ ယနေ့ ဧပြီလ ၁၈ ရက်နေ့ မြတန်ဆောင်းကျောင်းတွင် အစည်းဝေးတစ်ရပ် ကျင်းပပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
#NarinjaraNews
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate