[ပကန်စန်ခုမ်း] ထိုင်းလူမှုဖူလုံရေးအာမခံရန်ပုံငွေ ဆိုသည်မှာ
[ပကန်စန်ခုမ်း] လူမှုဖူလုံရေးအာမခံရန်ပုံငွေသည် လုပ်ငန်းခွင့်၌၎င်း၊ လုပ်ငန်းခွင်ပြင်ပ၌၎င်း အကြောင်းအမျိုးမျိုးကြောင့် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ ကလေးမွေးခြင်း၊ ကလေးစရိတ်ရရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ သက်ကြီးပင်စင်ရရှိခြင်း အာမခံချက်အတွက် ရန်ပုံငွေ ဖြစ်သည်။
ပကန်စန်ခုမ်းရန်ပုံငွေကို ထိုင်းအလုပ်သမား၊ အလုပ်ရှင်၊ အစိုးရအပါအ၀င် ထိုင်းနိုင်ငံတွင် တရားဝင်နိုင်ငံခြားအလုပ်သမားအားလုံး ထည့်သွင်းကြရန် ဥပဒေပြဌာန်းထားသည်။
အလုပ်သမားဝင်ငွေ၏ ၅ %ကို အလုပ်ရှင်နှင့် အလုပ်သမားတို့မှ ညီတူ ညီမျှထည့်ဝင်ရသည်။ အစိုးရမှလည်း ၂.၇၅ % ထည့်ဝင်ပေးသည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၁ လ ပေးသွင်းပြီးသော အလုပ်သမားသည်
လုပ်ငန်းခွင်ကြောင့် မဟုတ်သည့်
၁) သေဆုံးခြင်းအတွက် ခံစားခွင့် ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၃ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
လုပ်ငန်းခွင်ကြောင့် မဟုတ်သည့်
၁) ဖျားနာခြင်းအတွက် ဆေးကုသမှု
၂) ထိခိုက်ဒဏ်ရာရခြင်းအတွက် ဆေးကုသသစရိတ်
၃) ဒုက္ခိတ ဖြစ်ခြင်းအတွက် ခံစားခွင့်
#ပကန်ရန်ပုံငွေ အနည်းဆုံး ၆ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) အလုပ်လက်မဲ့ထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၇ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) မီးဖွားစရိတ် ခံစားခွင့်ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၁၂ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) သားသမီးထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။
အသက် ၅၅ နှစ် ပြည့်ပြီးသည့်နောက် ရန်ပုံငွေ ထည့်သွင်းခြင်း ရပ်စဲပြီး သက်ကြီးပင်စင် ထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။

0 comments:
Post a Comment