Tuesday, 18 July 2017

တရားမ၀င် အလုပ်သမားတွေ မှတ်ပုံတင်ဖို့ ဌာန ၉၉ ခု ဖွင့်မည်

( ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ မြဝတီ ကျောက်လုံးကြီးစခန်းကို ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိလာခဲ့စဉ် ) Photo: Kyaw Lwin Oo/RFA
ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားအပါအ၀င် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်နိုင်ဖို့အတွက် ယာယီမှတ်ပုံတင်စခန်းကို ခရိုင် ၁၁ ခုမှာ မှတ်ပုံတင်ဌာန ၉၉ ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ်နေတယ်လို့ ဖန်ငါ့ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်အဖွဲ့က ဦးမင်းဦး က ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာရှိတဲ့ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခွဲအတွက် စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ဖွင့်လှစ်လိုက်တာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် အထောက်အထားစာရွက်စာတမ်း အပြည့်အစုံမရှိတဲ့သူတွေ၊ ဗီဇာမရှိသူတွေနဲ့ တရားမ၀င်အလုပ်လုပ်ကိုင်နေသူတွေအတွက် မှတ်ပုံတင်နိုင်ဖို့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဦးမင်းဦး က RFA ကို ပြော ပါတယ်။ “ မြို့ ၁၁ မြို့မှာက သူက စခန်းကြီးတွေလေ။ တစ်နိုင်ငံလုံးမှာ အားလုံး ၉၉ ခု ။ အဲ့ဒါကတော့ အလုပ်သမားဝန်ကြီးဌာနကပဲ ဒီ အခု မှတ်ပုံတင်တဲ့ဟာပေါ့ဗျာ။ သူတို့ခန့်မှန်းထားတာ တစ်သန်းခွဲပေါ့၊ တရားမ၀င်တဲ့လူတွေ မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင်ပြီးတော့ CI လုပ်ပေါ့ ။ CI လုပ်ပြီးတဲ့အခါမှာ ခုနကပြောတဲ့ အလုပ်ပါမစ်တို့ ဗီဇာတို့ အဲ့ဒါတွေ ဆက်လုပ်ရမှာပေါ့၊ တရားမ၀င်တဲ့သူတွေအတွက် ဒါလုပ်ပေးတဲ့ဟာပဲ။ ဒီမှာရှိနေပြီးတော့ အကြောင်းကြောင်းကြောင့် ဘတ်တွေပြတ်နေတဲ့လူတို့ ဘာမှမရှိတဲ့လူတွေပေါ့။ အဲ့ဒါတွေအတွက်ပေါ့လေ။ ၁၁ မြို့နယ်ကတော့ သူကဒီမှာ အတိအကျ မဖော်ပြထားဘူး။ သို့သော် ရှိထားပြီးသားဟာတွေ အဲ့မှာဆက်ပြီးတော့ လုပ်ပေးမှာ ကျန်တာတွေကတော့ သူတို့အသေးစိတ် ကို အဲဒီနေရာတွေကို ထပ်ပြီးတော့ ပြောမယ်ပေါ့နော်။

တရားမ၀င်အလုပ်သမားတွေ မှတ်ပုံတင်နိုင်ဖို့ အခုလို ထုတ်ပြန်လိုက်ပေမယ့် အရင်က CI လုပ် ပေးနေတဲ့ စမွတ်စခွန်၊ စမွတ်ပရကန်၊ ရနောင်း၊ တာ့ခ်နဲ့ ချင်းရိုင် ခရိုင်တွေမှာတော့ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်ပေးနေမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို စီစဉ်တာဟာ မြန်မာနိုင်ငံသား အပါအ၀င် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကောင်းတဲ့အခွင့်အရေး တစ်ရပ်ဖြစ်ပေမယ့် လောလောဆယ် လုပ်နည်းလုပ်ဟန်မသိရှိကြတဲ့ စာမတတ်သူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားတွေကတဆင့် လုပ်နေကြရတာဖြစ်တဲ့အတွက် ဒီအစီအစဉ်ဟာ ကုန်ကျမှုပိုများတာမျိုး ဖြစ်နေတယ်လို့လည်း ထောက်ပြပါတယ်။

"တရားမ၀င် အလုပ်သမားတွေအတွက်ကတော့ သူက ဒါအခွင့်အရေးတစ်ခုတော့ မှန်တယ်။ သို့သော် ပြဿနာက ဘာလဲဆိုတော့ ဒါ ပွဲစားတွေအတွက် လုပ်စားဖို့ စီမံပေးသလို ဖြစ်တာပဲ။ ဒီဟာကို လုပ်မယ်ဆိုတာ ကျနော်တို့က သိရတာမှ နောက်ကျနေသေးတယ်၊ ရှင်းရှင်းပြောရရင် သူတို့အစည်းအဝေး လုပ်ပြီးတာနဲ့ ပွဲစားတွေက Information အကုန်ရထားပြီးသား၊ အဲတော့ အခု ဒီမှာတစ်ယောက်ကို ကျနော်တို့ဘက်မှာ ပေါက်တဲ့ဈေးကို တစ်သောင်းခွဲ၊ အလုပ်ရှင်မရှိတဲ့လူ တစ်သောင်းခွဲ အလုပ်ရှင်ရှိတဲ့လူ ရှစ်ထောင့်ငါးရာ စဉ်းစားကြည့်တော့။ တကယ်ကုန်ကျမှာ အဲ့လောက်မဟုတ်ဘူး။ ၉ လစာအတွက် ကို သုံးထောင်ပေါ့ဗျာ၊ အဲ့ဝန်းကျင်ပဲ သုံးထောင်မကျော်ဘူး အဲဒါကို သူတို့ယူထားတဲ့နှုန်းက အဲ့မှာ စဉ်းစားသာကြည့်တော့။"

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်း ကတော့ ဒါဟာ အချိန်အကန့်အသတ်နည်းပြီး ရွှေ့ပြောင်း အလုပ်သမားအရေအတွက်နဲ့ မမျှတတာကြောင့် မဖြစ်နိုင်ကြောင်း အခုလို ပြောပါတယ်။

"မပြီးပါဘူး။ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ လုပ်ပေးမှာတော့ သေချာတယ်လေ။ သူက ပြန်အလုပ်သမားကို ထိန်းချူပ်တဲ့အနေနဲ့ ကျနော်တို့ အလုပ်သမားတွေ မပြန်အောင် ပြန်ထိန်းတဲ့အနေနဲ့တော့ သူက လုပ်ပေးမှာကတော့ သေချာတယ်၊ ဒါပေမဲ့ မပြီးဘူး အဲ့လောက်နဲ့။ ဒီပွဲစားတွေ စားပေါက်ရအောင် ဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ၊ အချိန်အများကြီး တိုးပေးမှရမယ်။ ဒီ အချိန်အတိုင်းအတာနဲ့ ဒီအလုပ်သမား တစ်သန်းမဟုတ်ဘူး ငါးသိန်းပဲထား အဲ့ ငါးသိန်းလောက်ကို ပြီးအောင် မလုပ်နိုင်ဘူး။ စင်တာဖွင့်တဲ့ အရေအတွက်နည်းတယ်။ ပြီးတော့ တစ်နေ့တာ လူဦးရေက အလွန်ဆုံးလုပ်နိုင် တရက် ငါးရာပဲ။ ကျနော်တို့ ပတ်စ်ပို့လုပ်ပုံ၊ ပန်းရောင်ဘတ် လုပ်ပုံ၊ ဖြတ်သန်းမှုဟာ တစ်နေ့ အလုပ်သမား ငါးရာထက် ပိုမလုပ်နိုင်ဘူး မပြီးဘူး။"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် ကို ဆက်သွယ်မေးမြန်းရာမှာ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သံရုံးမှ တရားဝင် မသိရှိသေးကြောင်းနဲ့ လောလောဆယ် ထိုင်းတာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေ ဆက်တိုက်ရှိနေတဲ့အတွက် မဖြေဆိုနိုင်သေးကြောင်းသာ ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate