Saturday, 22 July 2017

မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဝိုင်းဝန်း ကူညီပေးကြပါစို့




ထိုင်းနိုင်ငံတဝန်းနဲ့ နိုင်ငံခြား နေရာအသီးသီးမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာများခင်ဗျား အခုဆိုရင် အကျွန်ုပ်တို့ အမိမြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် နဲ့ ကြုံတွေ့နေရပါသဖြင့် မိမိတို့ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြုံနေကြရသူများအတွက် ပရဟိတစိတ်ထားလေးနဲ့ဝိုင်းဝန်းကူညီ လှူဒါန်း  ပေးကြပါရန်  မေတ္တာရပ်ခံအပ်ပါသည်။
ပထမကာလ မြစ်ရေကြီးချိန်မှာ သေဆုံးသူ ၂ဦးရှိခဲ့သလိုမြန်မာပြည်အနှံ့မှာ ရေဘေးသင့်ပြည်သူ ၉သောင်းနီး ပါးလောက်ရှိခဲ့ပြီး ပါတယ်ရေကြီးရေလျံမှု အဓိက ကြုံတွေ့ခဲ့ရတဲ့ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။ ချင်းတွင်း၊  ဧရာဝတီနဲ့ သံလွင်မြစ်ရေကြီးတာကြောင့် ဇူလိုင်လဆန်းမှ ဒီနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ  ၉သောင်းလောက် ရှိပြီး မကွေးတိုင်းမှာ အဆိုးဝါးဆုံးခံစားရတယ်လို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနကသိရပါတယ်။
 တနိုင်ငံလုံးအနေအထားမှာ ၉သောင်း ပတ်ဝန်းကျင်လောက်ရှိပါတယ်
 ရေဘေးသင့်တဲ့ နေရာများ
စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ခန္တီး၊ မော်လိုက်၊ မင်းကင်း၊ နောက် မုံရွာတို့ဖြစ်ပြီ ပခုက္ကူက ၃သောင်း ကျော်ပါတယ်။
  န္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်က ရေဘေးရှောင်ပြည်သူတွေ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေး ၀ဲယာတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်ကြုံနေရသလို စာသင်ကျောင်း ၅၀ ခန့်လည်း ယာယီပိတ်ထားရပါတယ
သို့ဖြစ်ပါ၍ ပရဟိတ စိတ်ထားကို အရင်းခံကာ မြန်မာပြည့်အနှံ့ ကြုံတွေ့နေကြရတဲ့ သဘာဝဘေးအန္တရာယ် ခံစားနေကြရတဲ့ မိဘပြည့်သူ ညီကိုမောင်နှမများအတွက် ဝိုင်ဝန်း ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
မဲဆောက်မြို့ မယ်တောင်တိုက် (လူထုအဖွဲ့အစည်း) ကိုဝင်းဇော်ဦး ဖုန်းနံပါတ် - +66906812360
ရခိုင်မျိုးဆက်သစ် လူငယ်များအစည်းအရုံး(AGYO) ဖုန်းနံပါတ်များ - ဇင်မျိုး - +66836643107 - ဦးလူမော် +66875347157 တို့ကို ဆက်သွယ်နိုင်ပါတယ်။  
လှူဒါန်းနိုင်သော ပစ္စည်းများ ငွေသား၊ဆံနှင့် အဝတ်ထည်များကို မိမိတို့ တတ်နိုင်သမျှ ကူညီ လလှူဒါန်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate