Thursday, 13 July 2017

စစ်ကိုင်းတိုင်း၌ ရေဘေးကြောင့် လူတစ်ဦးသေ၊ လူတစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ

ချင်းတွင်းမြစ်ရေ တက်နေစဉ် (ဓာတ်ပုံ − Khine Khine Oo (FB))
စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ရေဘေးကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ လူတစ်သောင်းကျော်တို့သည် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရ သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်နေ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင် ၂ ရက်ကစတင်ကာ ရေဘေးရင်ဆိုင်ရခြင်းဖြစ်ပြီး ဇူလိုင် ၁၀ ရက်အထိ စာရင်းများအရ လူဦး ရေ ၁၀,၈၃၀ ဦးသည် ကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးဦးစီး ဌာန ဦးစီးမှူး ဦးစပီလီယမ်ဖရန့် က ပြောသည်။
ခန္တီးမြို့တွင် ဇူလိုင် ၁၀ ရက် က အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေအိမ် အတွင်း ရေဝင်လာ၍ ပစ္စည်းများကို အရေးပေါ်ရွှေ့ပြောင်းစဉ် ရေထဲပြုတ်ကျရာမှ ဦးခေါင်းဒဏ်ရာ ရကာ သေဆုံးခဲ့ကြောင်း ဦးစဝီလီ ယမ်ဖရန့်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ရေဘေးသင့်ဒေသများအ နက် မုံရွာနှင့် ခန္တီးမြို့နယ်တွင် ရေ လွှမ်းမိုးမှုအများဆုံးရင်ဆိုင်နေရ
ကာ မုံရွာမြို့နယ်၌ လူဦးရေ ငါးထောင်ကျော်နှင့် ခန္တီးမြို့တွင် နှစ်ထောင်ခန့်ရှိကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။
7daydaily.

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate