Monday, 3 July 2017

နန်းယွန်းမှာ ဖျားနာ မှုကြောင့် သေဆုံးသူ ၄ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်က တကားကျေးရွာမှာ ရောဂါဖြစ်ပွားနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြု လုပ်ပေးနေစဉ်။ Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်က တကားကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း လူဦးရေ ၁၀၀ ကျော် ဖျားနာရောဂါဖြစ်ပွားခဲ့ပြီး ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီကျေးရွာမှာ ဇွန်လ ၁၈ ရက်နေ့ မတိုင်ခင်ထဲက ရောဂါဖြစ်ပွားနေတာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် တပ်မတော်ဆေးအဖွဲ့နဲ့ ခန္တီးက ဆေးအဖွဲ့တွေက ၂၇ ရက်နောက်ပိုင်း မှ ရောက်ရှိပြီး ဆေးကုသမှုတွေလုပ်ပေးခဲ့တာဖြစ်တယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။

" ရွာက ဆရာမတွေက မြို့နယ်ကို သတင်းဖို့တဲ့အခါ ၁၈ ရက်နေ့၊ အဲဒီအချိန်မှာ ကျေးလက်ကျန်းမာရေး ဌာနခွဲတွေအတွက် ဆေးဝါးတွေ မြို့နယ်က ခွဲထားတာရှိတယ်၊ အဲဒီဆေးဝါးတွေကို အသုံးပြုတယ်၊ အဲဒီကြားထဲ ကာလမှာ ကျနော်တို့က အဆက်အသွယ်တွေ တော်တော်ပြတ်သွားတယ်ဗျ၊ ၂၄ ရက်နေ့ အထိ ကြားမှာ ပြတ်သွားတယ်၊ ဖျားနာတဲ့လူဦးရေက ပိုတိုးလာတဲ့အခါကျတော့ ဆေးဝါးလုံလောက် မှုမရှိဘူး၊ တပ်က ဆရာဝန် တွေက ၂၇ ရက်နေ့ သွားပြီးတော့မှ ၂၈ ရက်နေ့ မနက်ကနေ စကုတာပေါ့နော်၊ ၂၉ ရက်နေ့ကျတော့ တပ်မတော်သား ဆရာဝန်တွေရယ်၊ ခန္တီးက ဆရာဝန်တွေရယ်၊ အဲဒီဒေသမှာရှိတဲ့ ဆရာမ ၂ ယောက်ရယ်ပေါ့နော်၊ သူတို့ စုပေါင်းပြီးတော့မှ ကုသပေးတဲ့ အနေအထားပေါ့နော်"

လက်ရှိအချိန်မှာတော့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ပြီး တုပ်ကွေရောဂါဖြစ်ပွားသူ အနည်းငယ်သာ ရှိတော့တယ်လို့ ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့တွေ ကျေးရွာကို မရောက်ခင်မှာ ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး သေဆုံး ခဲ့တာဖြစ်ပြီး အဲဒီကျေးရွာမှာ ကျေးလက် ကျန်းမာရေးဌာနခွဲရှိနေပေမယ့် ရောဂါဖြစ်ဖြစ်ချင်း ဆေးကုသမှုမခံယူ တာကြောင့်ဖြစ်တယ်လို့ ခန္တီးခရိုင်ဆေးရုံအုပ်ကြီး က ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့ကျေးရွာကို ခန္တီးခရိုင်ဘက်က ဆရာဝန် ၄ ဦး၊ လဟယ်မြို့နယ်က ဆရာဝန် ၃ ဦးနဲ့ မြို့နယ်အုပ် ချုပ်ရေးမှူးတွေ သွားရောက်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate