Friday, 1 September 2017

စစ်တွေမြို့သို့ရောက်ရှိနေသည့် ဒုက္ခသည်များအား ရပ်ကွက်အလိုက် ထမင်းထုတ်ခန့်အပ်ပြီး ကျွေးမွေးနေရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ပြော

By မင်းမျိုးနွယ် | RiA
စစ်တွေ၊ စက်တင်ဘာ ၁ ရက်။ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် ဒေသများမှ ကျေးရွာသားများ ထွက်ပြေးရောက်ရှိလာနေကြရာ ယင်းဒုက္ခသည်များအား စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ထမင်းထုတ်များခန့်အပ်ပြီး ကျွေးမွေးနေကြ ရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
အဆိုပါဒုက္ခသည်များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ရောက်ရှိလာနေကြခြင်းဖြစ်ကာ အများဆုံးမှာ မောင်တောမြို့နယ်အတွင်းမှ ဖြစ်ကြောင်းသိရသည်။
“လောလောဆယ်မှာတော့ ဘာအကူအညီမှမရသေးဘူး။ အခုရောက်လာကြတဲ့လူတွေကို နေရေးထိုင်ရေး အဆင်ပြေအောင်အတွက် ဆိုပြီး စစ်တွေမြို့ပေါ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေး အဖွဲ့ဖွဲ့လိုက်တယ်။ သူတို့ကိုနေရာချပေးတယ်။ လိုအပ်တာတွေလုပ်ပေးထားတယ်။ စားဖို့သောက်ဖို့အတွက်တော့ ရပ်ကွက်တွေက ထမင်းထုတ်တွေကောက်ပြီး ကျွေးမွေးထားပါတယ်။ တချို့အလှူရှင်တွေက ကျွေးတာလည်း ရှိပါတယ်။”ဟု ဒေါ်ကျော့မေက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်တိုက်ခိုင်မှုများခံနေကြရသည့် ဒေသများမှဒေသခံတိုင်းရင်းသားများမှာ နေ့စဉ်နှင့်အမျှ ရေကြောင်းခရီးဖြင့် ထွက်ပြေးလာရောက်လျှက်ရှိနေကြပြီး စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့်မြို့နယ်များတွင်လည်း ခိုလှုံလျှက် ရှိနေကြောင်းသိရသည်။
“လူတွေကလည်း ရောက်လာတာများတော့ နေထိုင်ဖို့နေရာ အခက်အခဲဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့တော့ လာကြည့် သွားပါတယ်။ သူတို့က အသစ်ရောက်လာတဲ့သူတွေကို ဓညဝတီ အားကစားကွင်းမှာ နေရာပေးတဲ့အတွက် အဲဒီကိုရွှေ့ပေးထားလိုက် ပါတယ်။ စားရေးသောက်ရေးတော့ အခက်အခဲရှိတာ့ပေါ့။”ဟု ဆက်လက်ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး သုံးရက်မြောက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ထွက်ပြေးလာခဲ့ကြသည့် တိုင်းရင်းသားအရေအတွက်မှာ သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ စစ်တွေမြို့တစ်မြို့တည်းတွင် တစ်ထောင်ကျော်နေပြီဖြစ်ကာ ကျန်မြို့နယ်များသို့ရောက်ရှိနေကြသူများရှိပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူ စုစုပေါင်းမှာ ခန့်မှန်းခြေအားဖြင့် ၂၀၀၀ ကျော်ခန့်ရှိ မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – မင်းမျိုးနွယ်/RiA

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate