ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည်
ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည် ၄ဝဝ ကျော်အား မြင်တွေ့ရသော အခြေအ နေကို သွားရောက်ကူညီပေးနေသည့် ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးပြော ဆိုချက် ...
“မောင်တော မြောက်ပိုင်းရွာတွေမှာ တိမ်းရှောင်ရွာသားတွေ ပိတ်မိနေပြီး ရိက္ခာပြတ်နေတာ ကြာပြီ။ ကျွန်တော် တို့ကယ်ဆယ်ရေးအဖွဲ့တွေလည်း လမ်းကြောင်းမရှင်းလို့ အဲ့ဒီအထိထွက်လို့မရဘူး ။ ဒီနေ့တော့ လမ်းကြောင်း ရှင်းပြီဆိုတာနဲ့ စွတ်စွတ်ရွတ်ရွတ်ထွက်သွားဖြစ်တယ်။ အခုပွင့်တယ်ဆိုတာနဲ့ တော်ကြာပိတ်တဲ့ လမ်းမျိုးတွေ လေ။ ကျီးကန်းပြင်တိမ်းရှောင်စခန်းရောက်တယ်။ ကိုဝေဠုကျော်တို့အဖွဲ့က ဆန၊် အာလူး၊ ငါးခြောက်၊ ပဲ အစုံ လှူဒါန်းတယ် ။ တိမ်းရှောင်ရွာသားတွေနဲ့တွေ့ဆုံပြီး ကိုဝေဠုအားပေးစကားပြောတော့ အတော်များများ ဝမ်းနည်း လို့ငိုကြတယ် ။ သူတို့အားပေးတဲ့မင်းသားအရောက်လာတော့ အရမ်းဝမ်းသာသလို သူတို့ဒုက္ခတွေပြန်တွေးရင်း ဝမ်းနည်းကုန်ကြတာ။ ရွာသူရွာသားအတော်များများက ဒီဘေးအန္တရာယ်ကြီးပြီးတောင် ရင်ဆိုင်ရတဲ့ဒုက္ခတွေ ကြောင့် နေရပ်ပြန်ဖို့အတော်ကြောက်ရွံ့နေကြတယ်”
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်းပြင်ဌာနချုပ်တွင်
အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည် ၄ဝဝ
ကျော်အတွက် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေရှင်းနှင့် စာရေးဆရာ
ကိုဝေဟင်အောင်တို့ ပူးပေါင်းအဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင်စား
နပ်ရိက္ခာများ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။
သတင်း - ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ - ဝေဠုကျော် ဖောင်ဒေးရှင်း
သတင်း - ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ - ဝေဠုကျော် ဖောင်ဒေးရှင်း
0 comments:
Post a Comment