ဇနီးကိုလည်ပင်းညှစ်ပြီးဓားနဲ့ထိုးသက်တဲ့မြန်မာအလုပ်သမား

================================
နိုဝင်ဘာ ၂၃၊၂၀၁၇-မဟာချိုင် |သတင်း-အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့နယ် ဘန်ယာ့ဖဲ့ ရပ်ကွက် နယ်မြေ (၃)တွင်နေထိုင်သည်မြန်မာနိုင်ငံသားအလုပ်သမားဖြစ်သူ မချမ်းဝင်း(၁၈နှစ်)ကို ခင်ပွန်းဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)က နေအိမ်ရှေ့တွင် သတ်ဖြတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
အမှုဖြစ်စဉ်မှာ ၂၂ရက်နေ့ ည၁၀နာရီ၃၀မိနစ်အချိန်၌ သေဆုံးသူသည်
လူမှုရေးဖောက်ပြန်နေသည်ဟု ခင်ပွန်းဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)က
စွပ်စွဲပြောဆိုရာမှ
တစ်ယောက်တစ်ခွန်းစကားအချေတင်ဖြစ်ကြပြီးနောက်ဇနီးဖြစ်သူမချမ်းဝင်း(၁၈နှစ်)ကိုလည်ပင်းညှစ်ပြီးဓားဖြင့်ထိုးသတ်သဖြင့်
ဒဏ်အပြင်းထန်းရရှိခဲ့ရာနယ်မြေခံထိုင်းလူမှုကူညီရေးအဖွဲ့များက
စမွတ်ဆာခွန်ဆေးရုံးကြီးသို့အချိန်မီပို့ဆောင်းဆေးကုသမှုပေးခဲ့သော်လည်း
မချမ်းဝင်း(၁၈နှစ်)သည် အခင်းဖြစ်ပွားရာမှရရှိသည့်ဒဏ်ရာများဖြင့် ညတွင်းချင်း ကွန်လွန်ခဲ့ကြောင်းသတင်းရရှိပါသည်။
သေဆုံးသူမချမ်းဝင်း(၁၈နှစ်)၏ဆွေးမျိုးသားချင်းများသည် အမှုဖြစ်စဉ်နှင့်ပက်သက်၍ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိမြန်မာသံရုံးမှအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ထံဆက်သွယ်အကူညီတောင်းခံခဲ့ရာ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်က ကျန်ရစ်သည့် မိသားစုဝင်များကို အားပေးစကားပြောကြားပြီး လိုအပ်သည်အကူညီများပေးအပ်ခဲ့ကြောင်း သေဆုံးသူမချမ်းဝင်း(၁၈နှစ်)၏ မိသားစုဝင်တစ်ဦးပြောကြားချက်အရသိရသည်။
ကနဦး၌ လူသတ်တရားခံဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)ကို ထိုင်းနိုင်ငံသားတစ်ဦးဟု ပြောဆိုသဖြင့်စမွတ်ဆာခွန်ရဲတပ်ဖွဲ့မှ နိုင်ဖတ်စမောကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားမှတ်ပုံတင်ကိုစစ်ဆေးခဲ့ရာ ထိုင်းမှတ်ပုံတင်အစားထိုးပြုလုပ်ထားကြောင်းစစ်ဆေးတွေ့ရှိသဖြင့် နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)ကို လူသက်မှုအပြင်မှတ်ပုံတင်အတုပြုလုပ်ကိုင်ဆောင်ထားမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်းအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ကပြောသည်။
သေဆုံးသူ မချမ်းဝင်း(၁၈နှစ်)သည် မြန်မာနိုင်ငံ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ နှစ်ကရင်ကျေးရွာမှလာရောက်အလုပ်လုပ်သူတစ်ဦးဖြစ်ကြောင်းသတင်းရရှိပါသည်။

0 comments:
Post a Comment