အနိမ့်ဆုံးလုပ်အားခ 5 -22 ဘတ် တိုးရန်ဆုံးဖြတ်ချက်ကျပြီ၊ သို့သော် ဧပြီလ ၁ရက်နေ့မှ စတင်ခံစားရမည်။
ယမန်နေ့ ၁၇ ဇန်နဝါရီ ကပြုလုပ်သော အနိမ့်ဆုံးလုပ်အားခကော်မတီ အစည်းအဝေးသည် ညနေ ၄နာရီမှ ည၁၀နာရီခွဲကျော်အထိ ကြာမြင့်ခဲ့ပြီး ည၁၀နာရီ ၄၅မိနစ်တွင် မှ နှုန်းထားများ သတ်မှတ်နိုင်ခဲ့သည်။ ဤသို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အနိမ့်ဆုံးလုပ်အားခကို ၅ဘတ်မှ ၂၂ဘတ်အထိ ခရိုင်အလိုက်တိုးမြှင့်ပေးနိုင်ရန် နှုန်းထားသတ်မှတ်ခဲ့ပြီး ယခုသတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးမှတဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်သော ထိုင်းအစိုးရကက်ဘိနက်အစည်းအဝေးသို့ အတည်ပြုနိုင်ရန် ဆက်လက်တင်သွင်းသွားမည်ဖြစ်သည်။ ယခုသတ်မှတ်နှုန်းထားကို ဧပြီလ ၁ရက်နေ့မှ စတင်ခံစားရရှိနိုင်မည်ဖြစ်သည်။ ယခုသတ်မှတ်ချက်အရ ဖူးကတ်၊ ချွန်ဘူရီ၊ လယောင်း ခရိုင်တို့တွင် တစ်နေ့၃၃၀ ဘတ် အမြင့်ဆုံးရရှိကြမည်ဖြစ်သည်။ ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ် ၊ ပထုမ်ထာနီ၊ စမွတ်ပရာကန်၊ စမွတ်စာခွန်နှင့် ချချင်းဆောင် ခရိုင်တို့တွက် ၃၂၅ ဘတ် ဖြင့် ဒုတိယလိုက်ပြီး အခြားခရိုင်များတွင် ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ စသဖြင့်အသီးသီး ရရှိကြမည်ဖြစ်သည်။ ခရိုင်အလိုက်အသေးစိတ်ကို ပူးတွဲပုံပါအတိုင်း ကြည့်ရှုနိုင်ပါသည်။ အနိမ့်ဆုံးလုပ်အားခတိုးသဖြင့် အချိန်ပို အိုတီကြေးပါ တက်ရမည်ဖြစ်ရာ၊ အိုတီကြေးမှာ (လုပ်အားခ ÷ 8 × 1.5 = အိုတီကြေး) ဖြစ်သည်။ ဥပမာ စမွတ်စာခွန်လုပ်အားခ ဖြစ်သော 325÷8×1.5= 60.9 ဘတ် သည် အိုတီကြေး တစ်နာရီစာ ဖြစ်သည်။





0 comments:
Post a Comment