Wednesday, 16 May 2018

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)ေပၚ တာခ်ီလိတ္အလြန္ မယ္ဆိုင္အ၀င္ စစ္ေဆးေရးဂိတ္တြင္ ေျခအိတ္ၾကားထဲ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူ ထိုင္းအမ်ဳိးသမီးအား ဖမ္းဆီးရမိ


ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးအမွတ္(၁)တံတား တာခ်ီလိတ္အထြက္ မယ္ဆိုင္အ၀င္ ထိုင္းဘက္ ဂိတ္တြင္ ေျခအိတ္အတြင္း မူးယစ္ေဆး၀ါး သို၀ွက္သယ္ေဆာင္လာသူ ထိုင္းႏုိင္ငံသူ အမ်ဳိးသမီးတစ္ဦးအား ေမလ(၁၄)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း မယ္ဆိုင္ရဲတပ္ဖြဲ႔ထံက သိရသည္။
"အဲ့ဒီ အမ်ဳိးသမီး လမ္းေလွ်ာက္လာတဲ့ ပံုစံက ပံုမွန္အတိုင္း မဟုတ္ဘဲ မသကၤာစရာျဖစ္လို႔ ေခၚစစ္ လိုက္ရာကေန သူ႔ရဲ႕ ေျခအိတ္ထဲက ရာမေတြကို မိတာ၊ ဒီမူးယစ္ေဆး၀ါးေတြကို ဘယ္က ယူလာတာလဲ ဆိုတာကိုလည္း သိဖို႔အတြက္ ကြ်န္ေတာ္တို႔ ျမန္မာဘက္နဲ႔ ပူးေပါင္းေဆာင္ရြက္သြားဖို႔ရွိၿပီး အခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေဆးေနပါတယ္"ဟု မယ္ဆိုင္ဘက္မွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
၂၀၁၈ခုႏွစ္ ေမလ(၁၄)ရက္ေန႔ နံနက္(၈)နာရီေက်ာ္ ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ဘက္မွ မယ္ဆိုင္ဘက္သို႔ လမ္းေလွ်ာက္ကာ ျပန္လည္ ၀င္ေရာက္လာသူ ထိုင္းႏိုင္ငံသူ မူနီးမာကုသည္ လမ္းေလွ်ာက္လာသည္ေနမွာ ပံုမွန္အတိုင္းမဟုတ္ဘဲ မသကၤာဖြယ္ျဖစ္ေနသည့္အတြက္ ၎အား Body Scan စက္ျဖင့္ စစ္ေဆးရာမွ ၎စီးလာသည့္ ဖိနစ္ႏွင့္ေျခအိတ္အတြင္းက စိတ္ၾကြေဆးျပား စုစုေပါင္း (၈၀၀)ျပားကို ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူသည္ ထိုင္းႏိုင္ငံ မယ္က်န္႔ၿမိဳ႕ မယ္လိုက္ရပ္ကြက္တြင္ ေနထိုင္သူ ထိုင္းႏုိင္ငံသူ အသက္(၂၅)ႏွစ္ရွိ မူနီးမာကု(မ)ျဖစ္ၿပီး ၎အား မယ္ဆုိင္ရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)ပေါ် တာချီလိတ်အလွန် မယ်ဆိုင်အဝင် စစ်ဆေးရေးဂိတ်တွင် ခြေအိတ်ကြားထဲ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ထိုင်းအမျိုးသမီးအား ဖမ်းဆီးရမိ
========================================
မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား တာချီလိတ်အထွက် မယ်ဆိုင်အဝင် ထိုင်းဘက် ဂိတ်တွင် ခြေအိတ်အတွင်း မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသူ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးအား မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့ထံက သိရသည်။
"အဲ့ဒီ အမျိုးသမီး လမ်းလျှောက်လာတဲ့ ပုံစံက ပုံမှန်အတိုင်း မဟုတ်ဘဲ မသင်္ကာစရာဖြစ်လို့ ခေါ်စစ် လိုက်ရာကနေ သူ့ရဲ့ ခြေအိတ်ထဲက ရာမတွေကို မိတာ၊ ဒီမူးယစ်ဆေးဝါးတွေကို ဘယ်က ယူလာတာလဲ ဆိုတာကိုလည်း သိဖို့အတွက် ကျွန်တော်တို့ မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေပါတယ်"ဟု မယ်ဆိုင်ဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်(၈)နာရီကျော် ဝန်းကျင်အချိန်က တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ လမ်းလျှောက်ကာ ပြန်လည် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသူ မူနီးမာကုသည် လမ်းလျှောက်လာသည်နေမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ မသင်္ကာဖွယ်ဖြစ်နေသည့်အတွက်၎င်းအား Body Scan စက်ဖြင့် စစ်ဆေးရာမှ၎င်းစီးလာသည့် ဖိနစ်နှင့်ခြေအိတ်အတွင်းက စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူသည် ထိုင်းနိုင်ငံ မယ်ကျန့်မြို့ မယ်လိုက်ရပ်ကွက်တွင် နေထိုင်သူ ထိုင်းနိုင်ငံသူ အသက်(၂၅)နှစ်ရှိ မူနီးမာကု(မ)ဖြစ်ပြီး၎င်းအား မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင္ မ်ဳိးဆက္သစ္ လူငယ္မ်ား အစည္းအရံုး (ထိုင္းနိုင္ငံေရာက္ ျမန္မာ့ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ထိုင္းဥပေဒႏွင့္အညီ အေထြေထြ ကူညီေပးေရး ေစတနာ့ဝန္ထမ္း ကြန္ယက္) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO ​

ထိုင္းျမန္မာတိုင္းရင္းေပါင္းေပါင္းစံုရိုးရာယဥ္ေက်းမႈမႈပြဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ္အမ်ားဆံုး

အုပ္စုအလိုက္ ပိုစ့္မ်ား

ဆရာေတာ္ အသွ်င္ဥတၱမ

http://www.agyo.org/2015/01/blog-post.html

ဆရာၾကီး ဦးသာထြန္း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက္ ပိုစ့္မ်ား

Translate