ဘင်္ဂါလီများအား တန်းတူအခွင့်အရေးမပေးရန် ကြံ့ခိုင်ရေးပါတီဝင်များ တောင်းဆို
ဘင်္ဂါလီတွေကို တိုင်းရင်းသားတွေနဲ့တန်းတူ အခွင့်အရေးမပေးဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေက ဒီကနေ့ ပျဉ်းမနားမြို့မှာ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ် တောင်းဆိုလိုက်ပါတယ်။
အဲဒီလို ရှုတ်ချပွဲကို နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ မေလ ၇ ရက်မနက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
ပျဉ်းမနားမြို့နယ် ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက “မြန်မာနိုင်ငံမှာ လက်ရှိ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီတွေအရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေနဲ့အတူ တန်းတူအခွင့်အရေးမပေးဖို့ ကိစ္စတွေ နိုင်ငံတော်အစိုးရကို တောင်းဆိုရင်းနဲ့ အဲဒီလိုလုပ်ရပ်တွေ ရှိလာရင် ရှုတ်ချသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
ရှုတ်ချပွဲကို ပါတီဝင် အင်အား ၅၀ ကျော် တက်ရောက်ခဲ့ပြီး အလားတူပွဲမျိုးတွေကို တခြားမြို့နယ်တွေမှာ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/268451
0 comments:
Post a Comment