Thursday, 28 June 2018

နာရေးသတင်း


15.6.2018 - AGYO
ရခိုင်ပြည်နယ် မင်းပြားမြို့ ဖုံသာအုပ်စု တောင်ပုက္ကေ ( တောင်ပုတ်ကေ) ရွာမှ ဦးသန်းကျော်အောင် အသက် (၅၂) နှစ်သည် ထိုင်းနိုင်ငံ 
မဲဆောက်မြို့ ဆေးရုံကြီးတွင် 4.6.2018 တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားပါသည်။
ဦးသန်းကျော်အောင်၏ အလောင်းအား မနက်ဖြန် စနေနေ့ 16.6.2018 ရက်နေ့မှာ သင်္ဂြိုလ် သွားမည်ဖြစ်ပါကြောင်း ကျန်ရစ်ကြတဲ့ မိဘ ဆွေမျိုး ဇနီး သားသမီးများနှင့်တတူ မဲဆောက်မြို့ရှိ ရခိုင်သူ ရခိုင်သား များအား ဦးသန်းကျော်အောင်၏ နောက်ဆုံးခရီးအား လိုက်ပါ ပို့ဆောင်ပေးကြရန် ဖိတ်ကြားအပ်ပါသည်။
သို့ဖြစ်ပါ၍ မနက်ဖြန်မနက် ၁၁ နာရီတွင် နာရေး လိုက်ပို့ရန် 
မဲဆောက်မြို့ ကျောင်းကြီးကျောင်းတွင် လူစုဝေးမည်ဖြစ်ပါသည်။
ဖြစ်စဉ် အကျင်း
------------------
ဦးသန်းကျော်အောင်သည် မိမိရပ်ရွာမှ ထိုင်းနိုင်ငံသို့ အလည် (၆) လ ဗွီဇာဖြင့် ထိုင်းနိုင်ငံသို့ တစ်ခေါက်သွားပြီးပြီဖြစ်ပါတယ်။ ထို Passport နှင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်လာခဲ့သည်အတွက် ၎င်း Passport အတုမှု ကြောင့် မဲဆောက်ဂိတ်တွင် အဖမ်းခံရပြီး ထောင် (8) လ ကျခံနေရပါသည်။ ထောင်ကျခံနေရင်း လွတ်ခါနည်း ရက် အနည်းငယ်လိုမှ ထောင်ထဲကနေ ဆေးရုံကြီးသို့ ဆေးကူသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ပါသည်။ ယခု လက်ရှိ ဗီဇာ ပါတ်(စ်)ပို့ ပြုလုပ်ပေးကာ ထိုင်းကို ပို့ဆောင်ပေးသူမှလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း သူ၏ ဆွေမျိုးများမှ သိရှိရပါသည်။ 
အခု ဦးသန်းကျော်အောင်၏ ယောက်ဖ ဖြစ်သူနဲ့ ညီတောင်စပ်သူတို့ မဲဆောက်မြို့တွင် ရောက်ရှိနေပြီး ဇနီးဖြစ်သူမှာ ကျန်းမာရေးမကောင်းသည်အတွက် လိုက်ပါလာနိုင်ခြင်း မရှိဟု သိရပါတယ်။
သို့ဖြစ်ပါ၍ မနက်ဖြန်မနက် ၁၁ နာရီတွင် နာရေး လိုက်ပို့ရန်
မဲဆောက်မြို့ ကျောင်းကြီးကျောင်းတွင် လူစုဝေးမည်ဖြစ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ကိုဇင်မျိုး - 0806643107
ကိုကျော်မင်းစိုး - 0620294531
www.agyo.org

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate