Friday, 26 October 2018

ထိုင်းမလေးနယ်စပ် လူပွဲစားများ အားစောင့်နေသည့် မြန်မာနိုင်ငံသားများအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ က ဖမ်းဆီး


October 26,2018

ထိုင်းနိုင်ငံ ဆုံခလာ ပြည်နယ် ဟတ်ရိုင်ခရိုင် ရာဘာ သစ်တောအတွင်းမှာ ထိုင်းနယ်ခြားစောင့်စစ်တပ်တွေ နယ်စပ် ကင်းလှည့် စစ်ဆေးချိန် လူကုန်ကူးနေသူတွေရဲ့  တထောက်နား စခန်း တခုကို တွေ့ ရှိခဲ့ ပြီး မြန်မာနိုင်ငံသား ၂၆ဦး (အမျိုးသမီး၆ဦး) ကို တွေ့ ရှိခဲ့လို့  ဖမ်းဆီးစစဟ်ဆေးနေကြောင်းသိရပါတယ်။

အဆိုပါမြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသား လူပွဲစားတွေက တောတွင်းမှာ
စောင့်ခိုင်းပြီး မလေးနိုင်ငံဖက်က လူပွဲစားတွေ လာခေါ်တာကို စောင့်ဆိုင်းနေကြတာလို့  နယ်ခြားစောင့်ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
သဘာဝ အန္တရယ်များတဲ့ သစ်တောအတွင်းမှာ အမိုးအကာနေစရာတဲမရှိ ရေမရှိ တဲ့နေရာ သစ်ပင်အောက်တွေမှာ စုပုံထိုင်နေကြတာ လေးရက်တာရှိနေပြီး အားအင်ကုန်ခန်းနေသူတွေ
မနာမကျန်းဖြစ်နေသူတွေပါတွေ့ ရပါတယ်။

သူတို့ အားလုံးဟာ အထောက်အထားစာရွတ်စာတန်းမရှိပဲ မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံတွင်းကို ငွေကြေးယူ ခေါ်လာကြတဲ့ တရားခံ လူပွဲစားတွေကိုလည်းဟတ်ရိုင် ရဲတပ်ဖွဲ့ အနေနဲ့ ဆက်လက် ဖေါ်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့  လည်းသိရပါတယ်။
ခုလို အဖမ်းဆီးတွေ များနေတဲ့ကြားက လူကုန်ကူးနေတဲ့သူတွေဟာ ထိုင်းနိုင်ငံအတွင်းမြန်မာနိုင်ငံသားတွေကို နယ်စပ်လမ်းကြောင်းမျိုးစုံသုံးပြီး ခေါ်လာနေတာလည်းတွေ့ ရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံခြားသားအလုပ်သမားတွေ ရှင်းလင်းရေး ဆက်တိုက် စစ်ဆေးဖမ်းဆီးနေတာကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းကိုကျော် မလေးရှားကိုသွားကြဖို့ အတွက် ပွဲစားတွေကို ဘတ်ငွေ ၂၀၀၀၀ အထိပေးပြီး သွားနေကြတယ်လို့ လည်းသိရပါတယ်။

SAW


0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate