Wednesday, 31 October 2018

ရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မနေကြပါနှင့် အလုပ်သမားဝန်ကြီးဌာနမှအရေးပေးစောင့်ရှောက်မှုများ ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးမှ ချမှတ်ထားသည့်ဥပဒေရိပ်အောက် စည်းမျည်းစည်းကမ်းအတိုင်းဆောင်ရွက်နေကြောင်း နှင့် လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာများ ကမ္ဘာ့စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နေလျှက်ရှိနေပါကြောင်း၊ အလုပ်သမားအားလုံးဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ကြစေရန်
နှင့်တန်းတူညီမျှ အခွင့်အရေးများ နှင့် ကာကွယ်မှုများ ရရှိစေရန်ဆောင်ရွက်နေပါကြောင်းထုတ်ပြန်ကြေညာထားတာ
တွေ့ရပါသည်။
.
လူမှုဖူလုံရေးအက်ဥပဒေ 2533 ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေး(ပကန်စံခုမ်) အသင်းဝင်ရောက်လိုပါက အလုပ်သမားနေထိုင်ခွင့်ဗီဇာ(Passport&Visa) ရှိရပါမည် အလုပ်လုပ်ကိုင်ခွင့်ရ ဝါ့ပါမစ် (workpermit) ရှိသူမှသာလျှင် ဝင်ရောက်နိုင်ခွင့်ရှိကြောင်း နှင့် စက်တင်ဘာလ နောက်ဆုံးထား
သတင်းအရ မြန်မာ၊ လာအို၊ ကမ်ဘော်ဒီးယား၊ နှင့်အခြားသော အလုပ်သမားများ လူမှုဖူရေးအသင်းဝင်ရောက်
ရာမှာ 1,211,894 ဦးရှိနေပြီဖြစ်ကြောင်း သိရပါသည်။
.
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဌာနများမှ ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် ထပ်မံမိန့်ကြားထား သည်မှာ အလုပ်သမားအားလုံးချမှတ်ထားသည့် ဥပဒေဘောင် အတွင်း၌ အလုပ်လုပ်ကိုင်သွားကြရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများဖြစ်ကြသော မြန်မာ၊ လာအို၊ နှင့် ကမ်ဘော်ဒီယား ဥပဒေရိပ်အောက် အလုပ်လုပ်သွားပါက ကာကွယ်မှုများ အပြည့်အဝရမှာဖြစ်ပြီး ရသင့်ရထိုက်သော လူ့အခွင့်အရေးများကိုလဲ တန်းတူညီမျှ ရရှိသွားမှာဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးဌာနမှလဲ ဥပဒေမှ အလုပ်သမားအပေါ် သတ်မှတ်ပေးထားသော အခွင့်အရေးများ ပေးသွားဖြစ်ကြောင်း တင်ပြထားတာ
သိရပါသည်။
.
ประชาชาติธุรกิจ
သတင်းမှ ဆီလျော်အောင်ပြန်ထားပကါသည်။

Ref: https://www.facebook.com/myanmarworkinthailand/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate