Monday, 20 June 2016

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရေးမှာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲဟု ဆို

မြန်မာနိုင်ငံတွင် ပြည်သူများ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရေးမှာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ကတ်သလစ်ကာဒီနယ် (ပုပ်ရဟန်းမင်း အတိုင်ပင်ခံ) ဘုန်းတော်ကြီး ချားလ်မောင်ဘိုက လန်ဒန်မြို့ ယူကေပါလီမန်၌ မေ ၂၅ က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကာဒီနယ်ဖြစ်သည့် ချားလ်မောင်ဘိုက နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ရန်၊ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက် ရန်နှင့် လူမျိုး ဘာသာမရွေး တန်းတူအခွင့်အရေး ရရှိရန် လိုအပ်နေသည် ဟု ပြောကြားခဲ့သည်။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားအားလုံး အတွက် အခြေခံအကျဆုံး အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ကာဒီနယ် ချားလ်မောင်ဘိုက ဆိုသည်။ ယင်းက “စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုက အခုထိ မဖြေရှင်းရသေးတဲ့ ပြသနာတွေ ပေါ်မှာ တည်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လူမျိုးနဲ့ ကိုးကွယ် ယုံကြည်မှု ကွဲပြားစုံလင်မှုကို လေးစားတဲ့အနေနဲ့ မိမိတို့ ယုံကြည်ကိုးကွယ်မှုကို လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ကျင့်သုံးခွင့်၊ မျှဝေခွင့်နဲ့ ပြောင်းလဲခွင့်တွေ မရှိရင် စစ်မှန်တဲ့ လွတ်လပ်မှု မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား နှစ် ၅၀ ကြာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရက ဘာသာရေးကို ဖိနှိပ်ရေးကိရိယာ တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု ချားလ်မောင်ဘိုက ပြောကြားပြီး ထိုဖိနှိပ်မှုများကြောင့် လူပေါင်းများစွာ သေဆုံးခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ချင်းပြည်နယ်ကဲ့သို့ ဒေသများတွင် ခရစ်ယာန်ဘာသာဝင်များ စိုက်ထူထား သည့် လက်ဝါးကပ်တိုင်များကို ဖယ်ရှား၍ ဗုဒ္ဓဘာသာ စေတီများတည်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

“ကချင်ပြည်နယ်မှာ ပဋိပက္ခတွေပြန်ဖြစ်တဲ့ ၂၀၁၁ နောက်ပိုင်း ချာ့ခ်ျဘုရားကျောင်း အနည်းဆုံး ၆၆ ခု ဖျက်ဆီးခံခဲ့ရပါတယ်” ဟု ကာနီယကပြောကြားသည်။

ထို့အပြင် ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဥပဒေအချို့မှာ နိုင်ငံအတွက် အန္တရာယ်ကြီးသည်ဟု ကာဒီနယ်က ဆိုသည်။ “မျိုးစောင့်ဥပဒေများ” ဟု ခေါ်တွင်သည့် ထိုဥပဒေများက ဘာသာကူးပြောင်းခြင်း၊ ဘာသာမတူသူများ လက်ထပ်ခြင်းကို တားမြစ်ထားသည်။ ကာဒီနယ်ချားလ်မောင်ဘိုက ထိုဥပဒေများသည် အခြေခံလူ့အခွင့်အရေးအား တိုက်ခိုက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

KHTun....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate