Friday, 20 May 2016

ရွန်နူမုန်တိုင်းအန္တရယ် မြန်မာနိုင်ငံကို သက်ရောက်နိုင်

မုန်တိုင်းရဲ့ အချင်းဟာ မိုင် ၅၀ ကနေ မိုင် ၂၅၀ လောက်ရှိပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ မြန်မာနိုင်ငံကို သက်ရောက်လာနိုင်တယ်လို့ သိရပါတယ်။
ရွန်နူမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဦးတည်နေပေမဲ့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုမှာ မုန်တိုင်းအန္တရယ်သက်ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ ရွန်နူဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို
ကျရောက်နေပြီး မုန်တိုင်းရဲ့ သက်ရောက်မှု အန္တရယ်ကို ခံစားရနိုင်တာ ဖြစ်ပါတယ်။
မုန်တိုင်းရဲ့ အချင်းဟာ မိုင် ၅၀ ကနေ မိုင် ၂၅၀ လောက်ရှိပြီး မေလ ၂၀ ရက်နေ့က စတင်ကာ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းကျခြင်းနဲ့ လှိုင်းကြီးတဲ့ အန္တရယ်တွေ စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate