Monday, 9 May 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးက ခင်ပွန်းနဲ့စကားများပြီး ကားမှန်ကွဲဖြင့် ဗိုက်ကိုလှီးဖြတ်

..

ဘာသာပြန်၊ မေလ(၉)

တာချီလိတ်မြို့အနီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မေလ(၈)ရက်နေ့ညက လီရှောလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများရာကနေ ကားမှန်ကိုရိုက်ခွဲပြီး ဗိုက်ကိုလှီးဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ စကားများပြီးတဲ့အခါ ကျောက်တုံးနဲ့ ကားမှန်ကို ထုခွဲလိုက်ပြီး ကားပေါ်မှာ သွားထိုင်နေတဲ့ ဇနီးဖြစ်သူရဲ့ အော်သံကြောင့် သွားကြည့်တဲ့အခါမှာ ဗိုက်မှာ အလျားလိုက် ပြတ်ရှဒဏ်ရာနဲ့ ဇနီးသည်ကို တွေ့ရတယ်လို့ သူ့ခင်ပွန်းဖြစ်သူက ဆိုပါတယ်။
ကားမှန်နဲ့ လှီးဖြတ်ထားတာကြောင့် ဗိုက်မှာ ပြတ်ရှဒဏ်ရာ အလျား (၁၀) စင်တီမီတာလောက် ဒဏ်ရာ ရသွားတာလို့ သိရပါတယ်။

ဒဏ်ရာရတဲ့အမျိုးသမီးကို မယ်ဆိုင်လူမှုကူညီရေးအသင်းက လာရောက်ကူညီပြီး မယ်ဆိုင်ဆေးရုံကို ပို့ပေးလိုက်တာကြောင့် လက်ရှိမှာတော့ ကလေးရော မိခင်ပါ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။

ဘာသာပြန်။ ။ ‪‎နန်းမောက်ကွမ်‬
Ref&Photo: อำเภอแม่สาย
Tachileik News Agency..

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate