Thursday, 22 January 2015

ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း


ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။
 လသာသောညများတွင်လည်းကောင်း
၊နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။
ညှို့မေ။ ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။

ဖူးမှုတ်တောက်တဲ့။ ။ ဒိုးကိုပါးစပ်ထဲက "ဖူး"ဟု မှုတ်ပြီး လွှတ်လိုက်၍ ကျသည့်နေရမှ လုံးဝမရွေ့စေ ဘဲ ထောင်ဒိုးကိုထိအောင် ပစ်ရသည်။

ဆင်ခြေလှမ်း။ ။ ဆင်ခြေလှမ်းတာမှနေ၍ ညာဘက်ခြေဖမိုးပေါ်တွင် ဒိုးကိုတင်ပြီး ဘယ်ဘက်ခြေဖြင့် တစ်လှမ်းလှမ်းကာ ညာခြေထောက်လွှဲ၍ ပစ်ရသည်။

လျှပ်ထိုး။ ။ ဒိုးကိုခြေဖျားလေးများ အောက်၌ထား၍ အပြားလိုက်ဖိညှပ်ကာ ကျန်ခြေတစ်ဘက် မြှောက်ပြီး လျှင်၊ လျှပ်တိုက်၍ သွားရသည်။ ထိုသို့သွားရန် တာမှစ၍ ထောင်ဒိုးကို သုံးပတ်စေ့အောင် ပတ်ရသည်။ အကယ်၍ ဒိုးသည် ခြေဖ၀ါးအောက်သို့လျှော၍ ၀င်သွားပါက "သေသည်"ဟု ယူဆ၍ "အပိုင်"ဟု ခေါ်သည်။

ခြေတင်ခုံ။ ။ ခြေဖမိုးပေါ်တွင် ဒိုးကိုအပြင်းလိုက်တင်ရသည်။ ဒိုးတင်ထားသောခြေကို မ၍၊ ကျန်ခြေတစ်ဘက်ဖြင့် မြေကြီးပေါ်တွင် ဒေါက်ခုန်ဒေါက်ခုန်ဖြင့် ထောင်ဒိုးကို သုံးပတ် ပတ်ရသည်။

ခြေတင်သွေ။ ။ ခြေတင်ခုံ ပြုလုပ်နည်းအတိုင်း ဒိုးကို ဒေါက်ခုန်ဒေါက်ခုန်ဖြင့် ယူသွားကာ သတ်မှတ် ထားသော ထောင်ဒိုးစည်းတွင်ရပ်၍ ဒိုးတင်ထားသောခြေကို လွှဲယူကာ ခြေမဒိုးဖြင့် အောင်ဒိုးကို ထိအောင် ပစ်ရသည်။

မြင်းစလွှတ်။ ။ ဒိုးလွှတ်သောတာမှ ပစ်ဒိုးကိုလက်ဖြင့်ထိန်း၍ ထောင်ဒိုးကို မလွန်အောင် ပစ်ရသည်။ ဒိုးရောက်သည့်နေရာမှ ထောင်ဒိုးနှင့်နီးစပ်စေရန် ခြေတစ်ဘက်ဖြင့် ကောက်၍ ကျန်ခြေတစ်ဘက်ကို မ,ကာ ဒိုးကို တိုးကာတိုးကာ ယူသွားပြီး ပစ်ရသည်။

ပေါင်ရင်းကြီး။ ။ ဒိုးကို ပေါင်ရင်း၌ညှပ်ကာ တာမှလွှတ်ပြီး ထောင်ဒိုးကိုမကျော်မီ လက်ဖြင့်ထိန်း၍ ပစ်ရ သည်။

ပေါင်ရင်းလတ်။ ။ ပေါင်ရင်းကြီးပစ်သကဲ့သို့ ဒိုးကိုပေါင်လယ်၌ညှပ်ကာ ပစ်ရသည်။

ပေါင်ရင်းချေ။ ။ ဒိုးကိုပေါင်အောက်ဘက်တွင်ညှပ်၍ ပေါင်ရင်းကြီးကဲ့သို့ ပစ်ရသည်။

ဒူးငုတ်(ဒူးငေါင်း)။ ။ ဒူးနှစ်ခုကြားတွင် ဒိုးကိုညှပ်၍လွှတ်ပြီး ပေါင်ရင်းကြီးနည်းအတိုင်း ပစ်ရသည်။

ဒူးလိမ်။ ။ ညို့မေပြုလုပ်သည့်အတိုင်း တာမှမှန်း၍လွှတ်ကာ လက်ဖြင့် လုံးဝမထိန်းဘဲ ရောက်သည့်နေရာ မှ ထောင်ဒိုးကိုထိအောင် လက်ဖြင့်ပစ်ရသည်။

ခြေမျက်စိညှပ်။ ။ ခြေမျက်စိနှစ်ခုကြားတွင် ဒိုးကိုညှပ်ပြီး မတ်တပ်ရပ်လျက် လွှတ်၍ ပေါင်ရင်းကြီးပစ်သကဲ့ သို့ ပစ်ရသည်။

ဖနောင့်ဆွဲ။ ။ ဖနောင့်နှစ်ခုကြားတွင် ဒိုးကိုညှပ်၍ ခြေမျက်စိညှပ်ကဲ့သို့ ပစ်ရသည်။

ဖ၀ါးလယ်။ ။ ဖ၀ါးလယ်တွင် ဒိုးကိုညှပ်၍ ခြေမျက်စိညှပ်အတိုင်း ပစ်ရသည်။

ခြေမညှပ်။ ။ ခြေမနှစ်ခုကြားတွင် ဒိုးကိုညှပ်၍ ယခင်နည်းအတိုင်းပစ်ရသည်။

ခြေမကြားညှပ်။ ။ ခြေမနှင့် ခြေလယ်ကြား ဒိုးကိုညှပ်ကာ မတ်တပ်ရပ်ပြီး တာမှလှိမ့်ရသည်။ ထို့နောက် လှိမ့်လာသည့် ဒိုးကို လက်ဖြင့် ဖမ်းပြီးပစ်ရသည်။

ခြေလယ်ညှပ်။ ။ ခြေလယ်နှင့် ခြေသူကြွယ်ကြား ဒိုးကိုညှပ်ကာ ခြေမကြီးအတိုင်း ပစ်ရသည်။

ခြေသန်းညှပ်။ ။ ဒိုးကို ခြေသန်းနှင့် ခြေသူကြွယ်ကြားတွင် ညှပ်ကာ အထက်ပါနည်းအတိုင်း ပစ်ရသည်။

ခေါင်းတင်။ ။ ဒိုးကို ခေါင်းပေါ်တွင် အပြားလိုက်တင်၍ လက်ဖြင့် လုံးဝမကိုင်ဘဲ တာမှ တဖြည်းဖြည်းလျှောက်လာပြီး ထောင်ဒိုးအနီးသို့ ရောက်သောအခါ ဦးခေါင်းညွတ်၍ ပစ်ရသည်။ (ယင်းသို့ ပစ်သောအခါ ခါးကိုလုံးဝမညွတ်စေရ။)

ပါးတင်။ ။ ခေါင်းကိုအနည်းငယ်စောင်းကာ ဒိုးကို ပါးပေါ်တွင်တင်၍ ခေါင်းတင်အတိုင်းပစ်ရသည်။

နားတင်။ ။ ဒိုးကို နားပေါ်တွင်တင်၍ အထက်ပါနည်းအတိုင်း ပစ်ရသည်။

နဖူးတင်။ ။ မျက်နှာကိုမော့ကာ ဒိုးကို နဖူးပေါ်တင်၍ လမ်းလျှောက်သွားပြီး ပစ်ရသည်။

ထမင်းပို့။ ။ ဒိုးကို ခြေခုံတွင်တင်၍ ခြေတစ်ဘက်တည်းခုန်ပြီး ထောင်သွားကာ ထောင်ဒိုးကို တစ်ပတ် ပတ်ရသည်။

နံနံတို့စား။ ။ ဒိုးကို ခြေမကြားတွင်ညှပ်ပြီး ခြေတစ်ဘက်တည်းဖြင့် ခုန်သွားကာ ထောင်ဒိုးကို တစ်ပတ် ပတ်ရသည်။ ယင်းသို့ပတ်ရာတွင် စိုက်ထားသော ထောင်ဒိုးကို မြေ၌ မလဲစေရဘဲ မိမိခြေမကြား၌ ညှပ်ထားသော ဒိုးဖြင့် ထောင်ဒိုးကို သုံးကြိမ်တိတိတို့ပြီး ပြန်လာရသည်။ ယင်းကဲ့သို့ သုံးကြိမ်ပြုလုပ်ရသည်။

ပုလင်းထောင်။ ။ ထောင်ဒိုးနှင့်ထိအောင် တာမှနေ၍ လက်ဖြင့်ပစ်ရသည်။ မိမိပစ်သော ဒိုးနှင့် ထောင်ဒိုးကို ထိပြီး၊ ထောင်ဒိုးလဲကျသွားလျှင် မူလစည်းမှ ရှေ့သို့ တစ်တောင်စီတိုး၍ ပစ်ရသည်။ ယင်းကဲ့သို့ တစ်တောင် စီတိုး၍ ပစ်ခြင်းဖြင့် တဖြည်းဖြည်းဒိုးနှင့် နီးလာပြီး နောက်ဆုံးတစ်တောင်အကွာတွင်ပစ်ပြီးပါက ဒိုး ကစားခြင်း တစ်ပွဲပြီးစီးလေသည်။

တစ်ဘက်နှင့် တစ်ဘက်တစ်လှည့်စီ ကစားခြင်းဖြင့် ပထမဦးစွာ ပြီးစီးသူက အနိုင်ရသည်။ ဒိုးကစားသည့် အခါ မိမိအတွက် သတ်မှတ်ထားသော ဒိုးကိုမထိဘဲ အခြားသူများ၏ ဒိုးကိုသွားထိပါက "လျှောက်ခိုး သည်"ဟု ဆိုကြသည်။ "လျှောက်ခိုးသည်"ဆိုသည်မှာ တစ်နည်းအားဖြင့် သူများသားမယားကို ပြစ်မှား မိခြင်း၊ မိမိ၏ ခင်ပွန်းအပြင် အခြားသူတစ်ဦးဦးနှင့် တိတ်တဆိတ် ဖောက်ပြန်ခြင်းမျိုးကို ခေါ်သည်။ ယင်းသို့ ဒိုးကစားရာတွင် တစ်ဦးဦးလျှောက်ခိုးမိပါက တစ်ဖွဲ့လုံးသေပြီး ကျန်အဖွဲ့က ကစားရသည်။
Photo: ရခိုင်ရိုးရာ ဒိုးကစားခြင်း ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။ ညှို့မေ။ ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။ ဖူးမှုတ်တောက်တဲ့။ ။ ဒိုးကိုပါးစပ်ထဲက "ဖူး"ဟု မှုတ်ပြီး လွှတ်လိုက်၍ ကျသည့်နေရမှ လုံးဝမရွေ့စေ ဘဲ ထောင်ဒိုးကိုထိအောင် ပစ်ရသည်။ ဆင်ခြေလှမ်း။ ။ ဆင်ခြေလှမ်းတာမှနေ၍ ညာဘက်ခြေဖမိုးပေါ်တွင် ဒိုးကိုတင်ပြီး ဘယ်ဘက်ခြေဖြင့် တစ်လှမ်းလှမ်းကာ ညာခြေထောက်လွှဲ၍ ပစ်ရသည်။ လျှပ်ထိုး။ ။ ဒိုးကိုခြေဖျားလေးများ အောက်၌ထား၍ အပြားလိုက်ဖိညှပ်ကာ ကျန်ခြေတစ်ဘက် မြှောက်ပြီး လျှင်၊ လျှပ်တိုက်၍ သွားရသည်။ ထိုသို့သွားရန် တာမှစ၍ ထောင်ဒိုးကို သုံးပတ်စေ့အောင် ပတ်ရသည်။ အကယ်၍ ဒိုးသည် ခြေဖ၀ါးအောက်သို့လျှော၍ ၀င်သွားပါက "သေသည်"ဟု ယူဆ၍ "အပိုင်"ဟု ခေါ်သည်။ ခြေတင်ခုံ။ ။ ခြေဖမိုးပေါ်တွင် ဒိုးကိုအပြင်းလိုက်တင်ရသည်။ ဒိုးတင်ထားသောခြေကို မ၍၊ ကျန်ခြေတစ်ဘက်ဖြင့် မြေကြီးပေါ်တွင် ဒေါက်ခုန်ဒေါက်ခုန်ဖြင့် ထောင်ဒိုးကို သုံးပတ် ပတ်ရသည်။ ခြေတင်သွေ။ ။ ခြေတင်ခုံ ပြုလုပ်နည်းအတိုင်း ဒိုးကို ဒေါက်ခုန်ဒေါက်ခုန်ဖြင့် ယူသွားကာ သတ်မှတ် ထားသော ထောင်ဒိုးစည်းတွင်ရပ်၍ ဒိုးတင်ထားသောခြေကို လွှဲယူကာ ခြေမဒိုးဖြင့် အောင်ဒိုးကို ထိအောင် ပစ်ရသည်။ မြင်းစလွှတ်။ ။ ဒိုးလွှတ်သောတာမှ ပစ်ဒိုးကိုလက်ဖြင့်ထိန်း၍ ထောင်ဒိုးကို မလွန်အောင် ပစ်ရသည်။ ဒိုးရောက်သည့်နေရာမှ ထောင်ဒိုးနှင့်နီးစပ်စေရန် ခြေတစ်ဘက်ဖြင့် ကောက်၍ ကျန်ခြေတစ်ဘက်ကို မ,ကာ ဒိုးကို တိုးကာတိုးကာ ယူသွားပြီး ပစ်ရသည်။ ပေါင်ရင်းကြီး။ ။ ဒိုးကို ပေါင်ရင်း၌ညှပ်ကာ တာမှလွှတ်ပြီး ထောင်ဒိုးကိုမကျော်မီ လက်ဖြင့်ထိန်း၍ ပစ်ရ သည်။ ပေါင်ရင်းလတ်။ ။ ပေါင်ရင်းကြီးပစ်သကဲ့သို့ ဒိုးကိုပေါင်လယ်၌ညှပ်ကာ ပစ်ရသည်။ ပေါင်ရင်းချေ။ ။ ဒိုးကိုပေါင်အောက်ဘက်တွင်ညှပ်၍ ပေါင်ရင်းကြီးကဲ့သို့ ပစ်ရသည်။ ဒူးငုတ်(ဒူးငေါင်း)။ ။ ဒူးနှစ်ခုကြားတွင် ဒိုးကိုညှပ်၍လွှတ်ပြီး ပေါင်ရင်းကြီးနည်းအတိုင်း ပစ်ရသည်။ ဒူးလိမ်။ ။ ညို့မေပြုလုပ်သည့်အတိုင်း တာမှမှန်း၍လွှတ်ကာ လက်ဖြင့် လုံးဝမထိန်းဘဲ ရောက်သည့်နေရာ မှ ထောင်ဒိုးကိုထိအောင် လက်ဖြင့်ပစ်ရသည်။ ခြေမျက်စိညှပ်။ ။ ခြေမျက်စိနှစ်ခုကြားတွင် ဒိုးကိုညှပ်ပြီး မတ်တပ်ရပ်လျက် လွှတ်၍ ပေါင်ရင်းကြီးပစ်သကဲ့ သို့ ပစ်ရသည်။ ဖနောင့်ဆွဲ။ ။ ဖနောင့်နှစ်ခုကြားတွင် ဒိုးကိုညှပ်၍ ခြေမျက်စိညှပ်ကဲ့သို့ ပစ်ရသည်။ ဖ၀ါးလယ်။ ။ ဖ၀ါးလယ်တွင် ဒိုးကိုညှပ်၍ ခြေမျက်စိညှပ်အတိုင်း ပစ်ရသည်။ ခြေမညှပ်။ ။ ခြေမနှစ်ခုကြားတွင် ဒိုးကိုညှပ်၍ ယခင်နည်းအတိုင်းပစ်ရသည်။ ခြေမကြားညှပ်။ ။ ခြေမနှင့် ခြေလယ်ကြား ဒိုးကိုညှပ်ကာ မတ်တပ်ရပ်ပြီး တာမှလှိမ့်ရသည်။ ထို့နောက် လှိမ့်လာသည့် ဒိုးကို လက်ဖြင့် ဖမ်းပြီးပစ်ရသည်။ ခြေလယ်ညှပ်။ ။ ခြေလယ်နှင့် ခြေသူကြွယ်ကြား ဒိုးကိုညှပ်ကာ ခြေမကြီးအတိုင်း ပစ်ရသည်။ ခြေသန်းညှပ်။ ။ ဒိုးကို ခြေသန်းနှင့် ခြေသူကြွယ်ကြားတွင် ညှပ်ကာ အထက်ပါနည်းအတိုင်း ပစ်ရသည်။ ခေါင်းတင်။ ။ ဒိုးကို ခေါင်းပေါ်တွင် အပြားလိုက်တင်၍ လက်ဖြင့် လုံးဝမကိုင်ဘဲ တာမှ တဖြည်းဖြည်းလျှောက်လာပြီး ထောင်ဒိုးအနီးသို့ ရောက်သောအခါ ဦးခေါင်းညွတ်၍ ပစ်ရသည်။ (ယင်းသို့ ပစ်သောအခါ ခါးကိုလုံးဝမညွတ်စေရ။) ပါးတင်။ ။ ခေါင်းကိုအနည်းငယ်စောင်းကာ ဒိုးကို ပါးပေါ်တွင်တင်၍ ခေါင်းတင်အတိုင်းပစ်ရသည်။ နားတင်။ ။ ဒိုးကို နားပေါ်တွင်တင်၍ အထက်ပါနည်းအတိုင်း ပစ်ရသည်။ နဖူးတင်။ ။ မျက်နှာကိုမော့ကာ ဒိုးကို နဖူးပေါ်တင်၍ လမ်းလျှောက်သွားပြီး ပစ်ရသည်။ ထမင်းပို့။ ။ ဒိုးကို ခြေခုံတွင်တင်၍ ခြေတစ်ဘက်တည်းခုန်ပြီး ထောင်သွားကာ ထောင်ဒိုးကို တစ်ပတ် ပတ်ရသည်။ နံနံတို့စား။ ။ ဒိုးကို ခြေမကြားတွင်ညှပ်ပြီး ခြေတစ်ဘက်တည်းဖြင့် ခုန်သွားကာ ထောင်ဒိုးကို တစ်ပတ် ပတ်ရသည်။ ယင်းသို့ပတ်ရာတွင် စိုက်ထားသော ထောင်ဒိုးကို မြေ၌ မလဲစေရဘဲ မိမိခြေမကြား၌ ညှပ်ထားသော ဒိုးဖြင့် ထောင်ဒိုးကို သုံးကြိမ်တိတိတို့ပြီး ပြန်လာရသည်။ ယင်းကဲ့သို့ သုံးကြိမ်ပြုလုပ်ရသည်။ ပုလင်းထောင်။ ။ ထောင်ဒိုးနှင့်ထိအောင် တာမှနေ၍ လက်ဖြင့်ပစ်ရသည်။ မိမိပစ်သော ဒိုးနှင့် ထောင်ဒိုးကို ထိပြီး၊ ထောင်ဒိုးလဲကျသွားလျှင် မူလစည်းမှ ရှေ့သို့ တစ်တောင်စီတိုး၍ ပစ်ရသည်။ ယင်းကဲ့သို့ တစ်တောင် စီတိုး၍ ပစ်ခြင်းဖြင့် တဖြည်းဖြည်းဒိုးနှင့် နီးလာပြီး နောက်ဆုံးတစ်တောင်အကွာတွင်ပစ်ပြီးပါက ဒိုး ကစားခြင်း တစ်ပွဲပြီးစီးလေသည်။ တစ်ဘက်နှင့် တစ်ဘက်တစ်လှည့်စီ ကစားခြင်းဖြင့် ပထမဦးစွာ ပြီးစီးသူက အနိုင်ရသည်။ ဒိုးကစားသည့် အခါ မိမိအတွက် သတ်မှတ်ထားသော ဒိုးကိုမထိဘဲ အခြားသူများ၏ ဒိုးကိုသွားထိပါက "လျှောက်ခိုး သည်"ဟု ဆိုကြသည်။ "လျှောက်ခိုးသည်"ဆိုသည်မှာ တစ်နည်းအားဖြင့် သူများသားမယားကို ပြစ်မှား မိခြင်း၊ မိမိ၏ ခင်ပွန်းအပြင် အခြားသူတစ်ဦးဦးနှင့် တိတ်တဆိတ် ဖောက်ပြန်ခြင်းမျိုးကို ခေါ်သည်။ ယင်းသို့ ဒိုးကစားရာတွင် တစ်ဦးဦးလျှောက်ခိုးမိပါက တစ်ဖွဲ့လုံးသေပြီး ကျန်အဖွဲ့က ကစားရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate