Thursday, 22 January 2015

မစ္စရန်ဟီးလီအပေါ် ခိုင်းနှိုင်းပြောဆိုမှု ဦးဝီရသူ ကာကွယ်ပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို ပြည့်တန်ဆာနဲ့နှိုင်းပြီး ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ
့ ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက ကာကွယ်ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ
အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာဖြစ်ပြီး ဒီလိုခိုင်းနှိုင်းပြောဆိုခဲ့တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေအရေး မြန်မာနိုင်ငံအပေါ် ပြောဆိုတိုက်တွန်းနေတာတွေနဲ့စာရင် ဒီစကားလုံးအသုံးအနှုန်းဟာ မပြင်းထန်ပါဘူးလို့လည်း ဦးဝီရသူက AFP သတင်းဌာနကို ဖြေကြားပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေတိဂုံစေတီတော်ရင်ပြင်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အခုလို ခိုင်နှိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီလိုပြောကြားခဲ့တဲ့အတွက် မြန်မာသတင်းမီဒီယာ လောကမှာသာမကဘဲ ပြည်ပသတင်းမီဒီယာတွေမှာပါ
 ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။
RFA Burmese

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate