ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲ
ကရင်တိုင်းရင်းသားတို့၏
ရိုးရာဓလေ့ထုံးစံဖြစ်သည့် စပါးလိပ်ပြာခေါ်ပွဲကို ကရင်ပြည်နယ်၊
ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင် အင်္ဂါနေ့ညနေက ကျင်းပခဲ့သည်။
နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့်အချိန်တွင်
စပါးလိပ်ပြာခေါ်ပွဲ ပြုလုပ်ခြင်းဖြင့် လာမည့်နှစ်တွင် ဆန်ရေစပါး၊ သား၊ ငါး
ပေါများစေရန် ရည်ရွယ်ကာ ရိုးရာနတ်များကို ပူဇော်သည့်ပွဲဖြစ်သည်။ စပါးတလင်းအဖြစ်ပြုလုပ်ထားသည့် နေရာမှ စပါးစိုက်ပျိုးရိတ်သိမ်းပြီးသည့် လယ်ကွက်အတွင်းသွားရောက်ကာ စပါးစိုက်သည့်အသွင်၊ ငါးဖမ်းသည့်အသွင် စသည်ဖြင့် ရိုးရာသီချင်းများ သီဆိုကာ ရိုးရာဓလေ့အတိုင်း ပူဇော်ခဲ့ကြသည်။
(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)












0 comments:
Post a Comment