Wednesday, 25 February 2015

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး အသိပညာပေးသင်တန်း ဖွင့်လှစ်

2015 Electoral Knowledge 5-day training course-Arakan

စံမောင်သန်း
(စစ်တွေ) ဖေဖေါ်ဝါရီ ၂၃

ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့မှူးများအတွက်  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ၅ ရက်တာ သင်တန်းတစ်ခုကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဂစ္ဆပခန်းမဆောင်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ  ၂၇ ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းသို့ ရခိုင်ပြည်နယ် ခရိုင် ၅ ခုမှ ရဲတပ်ဖွဲ့မှူးများအပါအ၀င်  မြို့နယ်မှူးများ၊ ရဲအရာရှိများ စုစုပေါင်း  ၅၀ တက်ရောက်နေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲမှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
သင်တန်းတွင် ရွေးကောက်ပွဲကျင်းပရာ၌ သက်ဆိုင်ရာအုပ်စုလိုက် မဲရုံများ လုံခြုံရေး၊ မဲပေးသူများလုံခြုံရေး၊ မဲလက်မှတ် စာရင်းဇယားများနှင့် မဲပုံးများသယ်ယူရာ၌ လုံခြုံမှုရှိအောင် ဆောင်ရွက်ရေး စသည့် တို့ကို သင်ကြားပို့ချသွားမည်ဟု ဆိုသည်။
ယင်းသင်တန်းတွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ် ရဲမှူးတို့က ပူးတွဲပို့ချသွားမည်ဟု သိရသည်။

သင်တန်းပြီးလျှင် ဒေသဆိုင်ရာ ရဲမှူးများနှင့် မြို့နယ်မှူးများက ဆင့်ကဲသင်တန်းများကို ကျေးရွာအုပ်စုလိုက် မဲရုံများတွင် တာဝန်ယူဆောင်ရွက်မည့် မြို့မ၊ နယ်မြေရဲစခန်း၊ နယ်မြေရဲကင်းများမှ တာဝန်ရှိသူ ရဲအရာရှိများသို့ ဆက်လက် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပြီး မဲဆန္ဒရှင်စာရင်းများကို ကောက်ယူနိုင်ရန် ကော်မရှင်အဆင့်ဆင့်က ရပ်ကျေး၊ မြို့နယ် ကော်မရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်မြက ပြောကြားသည်။
ရွေးကောက်ပွဲအောင်မြင်ရန် ရွေးကောက်ပွဲကော်မရှင်အပြင် ပါတီ၊ လူမှုအဖွဲ့စည်း၊ မီဒီယာများက ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ပြောသည်။
“ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများဖြစ်ကြတဲ့ ပါတီ၊ လူမှုအဖွဲ့အစည်း၊ မီဒီယာတွေဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ကျွမ်းကျင်မှုရှိအောင် လေ့လာဖတ်ရှုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကော်မရှင်ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ ညီညွတ်မှုရှိမရှိခွဲခြားနိုင်မှာဖြစ်ပြီး၊ အပြုသဘောမျိုး ဝေဖန်တွေးခေါ်နိုင်မှာဖြစ်ပါတယ်”လို့  ကော်မရှင်ဥက္ကဌက ပြောသည်။
2015 Electoral Knowledge 5-day training course Arakan
မဲရုံများ၌ မသမာမှုများ၊ မတရားမှုများ၊ နိုင်ထက်စီးနင်းမှုများမဖြစ်ပေါ်အောင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ လုံခြုံရေးနှင့် နည်းဥပဒေဆိုင်ရာများကို ကော်မရှင်က လာရောက်ပို့ချမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။
ယခုရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်ကာလ၌ ကျောင်းသားဆန္ဒပြပွဲ၊ ၀ှိုက်ကတ်ကိစ္စနှင့် ရှမ်းပြည်နယ် လောက်ကိုင်ဒေသတိုက်ပွဲတို့သည် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု ရှင်းလင်း ပြောကြားသည်။
ရခိုင်ပြည်နယ်အတွက် ၀ှိုက်ကတ်ကိစ္စသည်လည်း စိန်ခေါ်မှု အနေနှင့် ပါဝင်နိုင်ပြီး၊ သတ်မှတ်ရက်အတွင်း ၀ှိုက်ကတ်ပြန်အပ်သူများကို နိုင်ငံသားဖြစ်သည်၊ မဖြစ်သည်များကို စိစစ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို စနစ်တကျ ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေးသင်တန်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များအား ပြည်နယ်နှင့် တိုင်း ၁၄ ခုတို့တွင် တပြိုင်နက်တည်း ပြုလုပ်သွားမည်ဟု သိရှိရသည်။
credits : http://www.narinjara.com/burmese/?p=13792&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+NarinjaraNews+%28Narinjara+News+Online%29

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate