မြန်မာအလုပ်သမ ၁၀၀ နီးပါးကို ထိုင်းကမြန်မာဘက်ပြန်ပို့.
ဖေဖော်ဝါရီ - ၁၈ - ၂၀၁၅
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား (မီဒီယာ)
ထိုင်း-နယ်စပ် မဲဆောက်ရှိ အထည်ချုပ်စက်ရုံ ၂ ခုမှတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမ မိန်းကလေး ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်များက ယနေ့ မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားမှတဆင့် မြန်မာဘက်ခြမ်း မြ၀တီမြို့ သို့ ပြန်လည်လွဲပြောင်းပေးလိုက်သည်။
မဲဆောက်ရှိ MTS အထည်ချုပ်စက်ရုံမှ ၈၆ ဦးနှင့် TMC အထည်ချုပ်စက်ရုံမှာ ၅ ဦးအပါအ၀င် ၉၁ ဦးဖြစ်သည်။
အဆိုပါမြန်မာအလုပ်သမ မိန်းကလေးများကို မြ၀တီမြို့ရှိ လူကုန်ကူးမှုခံရသော မြန်မာများကို ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် လက်ခံထားရှိပြီး လိုအပ်သည့်အကူအညီများပေးကာ နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု သိရသည်။
မြ၀တီခရိုင်လ၀ကဦးစီးမှူး ဦအောင်ဝင်းသိန်းက မြန်မာအလုပ်သမများကို နေရပ်ဒေသများသို့ပြန်ပို့ပေးမည်ဖြစ်ပြီး ၎င်းတို့ကို တစုံတရာအရေးယူခြင်းမရှိသည့်အကြောင်း ကရင်အမျိုးသား(မီင်္ဒယာ)ကို ပြောသည်။
အဆိုပါမြန်မာအလုပ်သမများမှာ ရခိုင်ပြည်နယ် - ဘီးလင်း - ပဲခူးအပါအ၀င် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ဖြစ်ကြသည်။
ယနေ့မြ၀တီသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမများမှာ တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မဲဆောက်ထောင်တွင် ပြစ်ဒဏ် ၁၂ ရက်ကျခံပြီးနောက် ထိုင်းဘက်က မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။
ယခုလဆန်းပိုင်းမှစတင်ကာ မဲဆောက်ရှိ တရားမ၀င်အလုပ်သမားများကို ထိုင်းအာဏာပိုင်များက စက်ရုံအလုပ်ရု့များအတွင်းသို့ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှုများရှိသည့်အတွက် ရာနှင့်ချီသည့် မြန်မာအလုပ်သမားများ ဖမ်ဆီးခြင်းခံနေရသည်။
ပုံစာ-ယနေ့နံနက်ပိုင်းက မြ၀တီသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမများကို ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် တွေ့ရစဉ်။

ပြန်လွှတ်တော့ ဝမ်းသားပါတယ် သူတို့တွေ မျက်ရည်စတွေနဲ့ တွေရတော့ စိတ်မကောင်းမိပါ..
AGYO
Posts by :ကရင်အမျိုးသား- မီဒီယာ
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

0 comments:
Post a Comment