Thursday, 19 February 2015

(မဲဆောက်မြို့ ရှိတာ့ခ်ခရိုင်လ၀ကအချုပ်ထောင် မှာမြန်မာရွှေ့ ပြောင်း အမျိုးသမီးအလုပ်သမား၉၁ဦးကိုဒီလိုတွေ့ ရ)

>ထိုင်းနှင့်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်အရပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ဖြင့် မဲဆောက်ထောင်မှမြန်မာရွှေ့ ပြောင်းအမျိုးသမီး အလုပ်သမား၉၁ဦးအားယနေ့ မြ၀တီပို့ ပြီ..ထိုင်းနှင့်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်အရပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ဖြင့် မဲဆောက်ထောင်မှမြန်မာရွှေ့ ပြောင်းအမျိုးသမီး အလုပ်သမား၉၁ဦးအားယနေ့ မြ၀တီပို့ ပြီ -
ထိုင်းနှင့်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်အရပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ဖြင့် မဲဆောက်ထောင်မှမြန်မာရွှေ့ ပြောင်းအမျိုးသမီး အလုပ်သမား၉၁ဦးအားယနေ့ မြ၀တီပို့ ပြီ - See more at: http://arakangenerationyouthorganization.blogspot.com/#sthash.eHoNKKSn.dpuf
+(ဖေဖော်ဝါရီလ၁၈ရက်၊၂၀၁၅-သောင်ရင်းနဂါး)+

ထိုင်းနှင့်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်အရပြစ်ဒဏ် လျှော့ပေါ့သက်သာခွင့်ဖြင့်မဲဆောက်ထောင်
မှမြန်မာရွှေ့ ပြောင်းအမျိုးသမီး အလုပ်သမား၉၁ဦးအားပထမအသုတ်အနေဖြင့်ယနေ့ မြ၀တီဘက်သို့ ပိုဆောင် လိုက်ပြီးမြ၀တီမြို့ နယ်လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာတွင် လုံခြုံစိတ်ချစွာ ရောက်နေကြပြီဖြစ်ကြောင်းသတင်းရရှိသည်။
 (သူမတို့ ၉၁ဦးအပါအ၀င်အဖမ်းခံရတဲ့မြန်မာလုပ်သား၄၀၀ကျော်
အတွက်မဲဆောက်မြို့ ချော့သာဘီ(အမိုးစိမ်းစက်ရုံ)က
အလှူငွေ(၁၃၀၀)ဘတ်နဲ့ အစာခြောက်များ၊၊ရေသန့် ဗူးများ၊
အချိုရည်များလှူဒါန်း)

ဤသို့ ထိုင်းဘက်မဲဆောက်မှမြန်မာဘက့် မြ၀တီမြို့ သို့ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်ပြီးမဲဆောက်မြို့ နယ်တွင်မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှလာရောက် ဖွင့်လှစ်ထားသောOne Stop Serviceရုံးတာဝန်ခံဦးမိုးအောင်ခိုင်က-**ထိုင်းနှင့်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရအခုလိုလွှဲပြောင်းပေးအပ်နိုင်တာကကျနော်တို့ အလုပ်သမားဝန်ကြီးဌာန ကညွန်ကြားရေးမှူးချုပ်ဦးမျိုးအောင်နဲ့ အလုပ်သမားသံအရာရှိဦးသိမ်းနိုင်ရယ်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်နဲ့ စစ်သံမှူး-ဗိုလ်မှူးချုပ်ချစ်ဆွေ တို့ ကထိုင်းအစိုးရနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုကြိုးစားပမ်းစားတင်ပြနိုင်မှုရဲ့ ရလာဒ်ကောင်းဖြစ်ပါတယ်။
ဒီလိုတ့တားပေါါ်ကနေတရားဝင်လွှဲပြောင်းတာဟာ ၂၀၁၁ခုနှစ်အထိရှိခဲ့ပြီးမှအခုတစ်ခါကျနော်တို့ အစီရင်ခံလို့ တာဝန်ရှိလူကြီးတွေက ဒါလုပ်သင့်တယ်ဆိုပြီးဒုတိယသမ္မတဦးဥာဏ်ထွန်း၊ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်တို့ က အစလက်သင့်ခံပေး၊၊ညွှန်ကြားချက်ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ဘက်ပေါင်းစုံက သိုင်းဝိုင်းပေးတဲ့ထိုင်းနဲ့ မြန်မာဌာနဆိုင်ရာအသီးသီးကိုရော၊လူမှုရေးစိတ်အပြည့်နဲ့ ကူညီခဲ့သူတွေရော၊
သတင်းမီဒီယာတွေကိုပါ ကျေးဇူးတင်ပါတယ်ဗျာ..**ဟုပြောပြသည်။

 (တာ့ခ်ခရိုင်အချုပ်ထောင်မှာOSSရု့းတာဝန်ခံဦးမိုးအောင်ခိုင်နှင့်
JACBAဦးမိုးကြိုးတို့ က
သူမတို့ ၉၁ဦးအားရှင်းပြနေစဉ်)

ဆက်လက်ပြီးအဖမ်းဆီးခံမြန်မာရွှေ့ ပြောင်းအလုပ်သမား၇၀၀ခန့် အရေးနှင့် ပတ်သက်ပြီးအနီးကပ်ကြီးကြပ်ကူညီနေသူမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတိ(JACBA)
မှဒေါါ်လှသိန်းကလည်း..**ကျမတို့ ကအဖမ်းဆီးခံမြန်မာရွှေ့ ပြောင်း အလုပ်သမား၇၀၀ခန့် အရေးနှင့်ပတ်သက်ပြီးထိုင်းတရားရုံးကိုလည်းသွားမေးပြီးပြီ။ ထိုင်းဘက်မှာဆိုရင်ထိုင်းရှေ့ နေတွေနဲ့ ၊မြန်မာဘက်မှာဆိုရင်အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊အလုပ်သမားသံမှူး၊အလုပ်သမားဦးစီးအရာရှိဦးမိုးအောင်ခိုင်တို့  ကနီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နေဆဲပါပဲ။ဒါ့အပြင်မဲဆောက်မြို့ နယ်လုံးဆိုင်ရာ ဘေး၎ဘေးရံပုံငွေထဲ
ကဒီအဖမ်းခံရသူတွေအတွက်အဆာပြေနဲ့ အချိုရည်လောက် အကူအညီပေးဖို့ လုပ်ပြီးဆော်သြလိုက်တော့ ကျမတို့ JACBAအဖွဲ့ ကိုယုံကြည်လေးစားတဲ့အမိုးစိမ်းစက်ရုံနဲ့ ဂျဂွာစတီးစက်ရုံက မောင်နှမတွေက
အလှူငွေရော၊အချိုရည်ရော၊အစာခြောက်မားမားဖာတွေပါလှူဒါန်း လာကြတယ်လေ။ကျမတို့ ကစေတနာမှန်တော့ကံကောင်းတယ်။စည်းလုံးညီညွှတ် အောင်အတိုင်းအတာ
တစ်ရပ်အထိတည်ဆောက်နိုင်တယ်လို့ ထင်ပါတယ်။ နောက်နေ့ တွေမှာလည်းဒိနေ့ လိုပဲတက်တက်ကြွကြွ
ကူညီသွားမှာပါ.။ ပါဝင်ပတ်သက်သူအားလုံးကို ကျေးဇူးတင်ပါတယ်..**ဟုရှင်းပြသည်။

( ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးမြ၀တီဘက်ခြမ်းမှာ
ပထမအသုတ်သူမတို့ ၉၁ဦးအားမလွှဲပြောင်းမီ)

ယနေ့ မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်လိုက်သောပထမအသုတ်တွင်အမျိုးသမီး အလုပ်သမားချည်း(၉၁)ဦးပါဝင်ပြီးမဲဆောက်မြို့ ဝှေ့ မုတ်ရွာရှိMTSစက်ရုံမှ(၈၆)ဦး၊ မဲဆောက်မြိုမယ်ကုလွမ်ရွာရှိTNCစက်ရုံမှ၅ဦးဖြစ်သည်။ယနေ့ တွင်အဆိုပါစက်ရုံ နှစ်ရုံသိုဦးစီးအရာရှိဦးမိုးအောင်ခိုင်နှင်JACBAဦးမိုးကြိုးတို့ ဦးဆောင်ပြီ့း ထိုင်းလ၀က အချုပ်ကားအကူအညီဖြင့်သူမတို့ ၉၁ဦး၏အထုပ်အပိုးပစ္စည်းများကိုသယ်ဆောင်ချိန် မှာအကြာဆုံးဖြစ်ပြီးအဆိုပါထိုင်းလ၀ကအချုပ်ကားသည်မြ၀တီမြို့ ရှိသူမတို့ ကို လုံခြုံစိတ်ချစွာစောင့်ရှောက်ထားမည့်ယာယီဂေဟာအရောက်အထုပ်အပိုးပစ္စည်း များကိုပို့ ဆောင်ပေးခဲ့သည်ကိုတွေ့ ရသည်။ ဆက်လက်ပြီးနောက်နေ့ များတွင်လည်းဖမ်းဆီးထားသောမြန်မာရွှေ့ ပြောင်း အလုပ်သမားများအားယနေ့ ကဲ့ သို့ ထိုင်းဘက်မှမြန်မာဘက်သို့  လွှဲပြောင်းပေးအပ်မည့်အစီအစဉ်များဆက်ရှိနေသေးသည်။

posts by:  JACBA

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate