Thursday, 19 February 2015

ပရိသတ်တွေရဲ့ မျက်ကြည်လွှာတွေ ကိုယ်စားလှူပေးခဲ့တဲ့ ထားထက်ထက်

 ပရိသတ်များကို မျက် ကြည်လွှာလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ ပြီး အနယ်နယ်အရပ်ရပ်မှ   လူ ဦးရေ၃၀ နီးပါး၏ မျက်ကြည်လွှာ ကို ကိုယ်စားအနေဖြင့် အလှမယ်ထားထက်ထက်က လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်က မျက်စိဆေး ရုံကြီးတွင် ထားထက်ထက်က လှူဒါန်းပေးခဲ့သည်။
မျက်ကြည်လွှာလှူဒါန်းလို သော ပရိသတ်များကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် သုံးရက်ကြာ တိုက်တွန်းခဲ့ပြီး နယ်မြို့များနှင့် ပြည်ပမှ ပရိသတ်များက မျက် ကြည်လွှာလှူဒါန်းရာတွင် လိုအပ် သောအချက်အလက်များကို ထားထက်ထက်ထံ ပေးပို့ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူကိုယ် တိုင်လာရောက်လှူဒါန်းသော ပရိ သတ်အချို့လည်း ရှိခဲ့သည်။
‘‘သုံးရက်လောက် ဖေ့စ် ဘွတ်ခ်ကနေ ကြော်ငြာပြီးတင် ပေးထားတာ။ အဲဒီလောက်အများ ကြီးလှူကြမယ်လို့လည်း မထင်ခဲ့ ဘူး။ လူကိုယ်တိုင်လာပြီး မလှူ နိုင်လို့  မန္တလေးကနေ  ငွေလွှဲပြီး လှူပေးပါလို့ပြောတဲ့သူရှိတယ်။ ကိုယ်လှူတာထက်    လှူချင်တဲ့ သူတွေကို စုပြီးလှူပေးရတာ ပိုပြီး ဝမ်းသာတယ်’’ဟု    ထားထက် ထက်က ပြောသည်။

ထားထက်ထက်သည် ၎င်း ၏ မျက်ကြည်လွှာကို ၂၀၁၃ ခုနှစ် အောက်တိုဘာက လှူဒါန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ပရဟိတ များသာ လုပ်ဆောင်နေပြီး ပထမ ဆုံးရိုက်ကူးမည့် အက်ရှင်ကား အတွက် ပြင်ဆင်မှုများသာပြုလုပ် နေပြီး အခက်အခဲတချို့ကြောင့် ရိုက်ကူးရန်ကြန့်ကြာနေခြင်းဖြစ် ကြောင်း ထားထက်ထက်က ပြော သည်။
 
http://7daydaily.com/story/10475#.U22QAEDNmcs

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate