Monday, 23 February 2015

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် လမ်းမကြီး နိုင်လွန်ကတ္တရားခင်းရာသို့ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး

DSC03346

စံမောင်သန်း
(စစ်တွေ) ဖေဖေါ်ဝါရီ ၂၁
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် စစ်တွေမြို့ လမ်းမကြီး တစ်လျှောက် ပလက်ဖေါင်းများနှင့် ကတ္တရာ လမ်းခင်းရာနေရာသို့ ကိုယ်တိုင်လာရောက်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမကြီးကို သိန်းပေါင်းသောင်းချီ အကုန်အကျခံပြီး ယခင် ထောက်လှမ်းရေးဟောင်းများ ပိုင်ဆိုင်သော ဆုထူးစံ ကုမ္ပဏီမှ ကန်ထရိုက်ယူ ကွန်ကရက်လမ်းအဖြစ် အဆင့်တိုးမြှင့်ရာ လမ်းမှာ အရည်အချင်း မပြည့်မီ သဖြင့် တနှစ်မပြည့်မီ အကွက်လိုက် ပျက်စီးသွားခဲ့ရညမှ စစ်တွေတွင် ဝေဖန်မှုများ  အများအပြား ထွက်ပေါ်ခဲ့သည်။
သို့အတွက် ယခု တစ်ခါ ကွန်ကရက်လမ်းပေါ်တွင် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခဲ့ရသည်ဟု သိရသည်။
ယင်းနိုင်လွန်ကတ္တရာခင်းရာတွင်လည်း  အရည်အသွေး မပြည့်မီသဖြင့် လူထုအကြား ဝေဖန်ပြောဆိုသံများထွက်ပေါ် လာခဲ့သဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“နိုင်လွန်ကတ္တရာဆိုတာ ခင်းပြီးတာနဲ့ မသိသာသေးဘူး။ ကားတွေ အသွားများလာမှ သူ့အနေအထား ပုံကျသွားတာ။ အမှန်က နိုင်လွန်ကတ္တရာ ခင်းတယ်ဆိုရင် ကတ္တရာအဆုံးမှာ အနားကွပ် ဘလောက်ကလေးတွေ အယင်လုပ်ထားရတယ်။ Budget အခြေအနေအရ ဘလောက်ကလေးတွေ မခင်းလိုက်ရတော့ အနားစက်ကလေးတွေ ပဲ့ထွက်နေတာ ဖြစ်ပါတယ်။ ဒါ အရည်အသွေး မပြည့်မီလို့ မဟုတ်ပါဘူး။ အခု ခင်းပြီးသွားရင် အပေါ်က အချောခင်းတာ လာအုံးမှာပါ”ဟု ၀န်ကြီးချုပ်က ပြောဆိုသည်။
လက်ရှိ စစ်တွေမြို့လမ်းမကြီးကို နိုင်လွန်ကတ္တရာအဖြင့် ထပ်ပိုးလွှာခင်းရာ ဆုထူးစံ ကုမ္ပဏီက တာဝန်ယူ လမ်းခင်းလျက်ရှိနေသည်ဟု သိရသည်။ ယင်းပြင် လမ်းဘေး လူသွားပလက်ဖေါင်းများကိုလည်း ထပ်မံ လုပ်ကိုင်လျက်ရှိသည်။
“ဒီပလက်ဖေါင်းလုပ်တာ နှစ်ပတ်ခန့်ရှိနေပါပြီ။ ဆုထူးစံကုမ္ပဏီက ကျွန်တော်တို့ ပန်းရံအဖွဲ့ကို ခေါ်ယူ လုပ်ကိုင် နေတာပါ”ဟု ယင်းပလက်ဖေါင်းအလုပ်ကို ဦးစီးလုပ်ကိုင်နေသူ အလုပ်သမားခေါင်းဆောင် ဦးကျော်ငြိမ်းက ပြောသည်။
ပလက်ဖေါင်းလုပ်ပြီးသွားလျှင် နိုင်လွန်ကတ္တရာ အနားစက်များကို ကွန်ကရစ်ဖြင့်ညှိရန် ရှိသေးသည်ဟု ယင်းအလုပ်သမား ခေါင်းဆောင်က ပြောသည်။
ယခုပလက်ဖေါင်းလုပ်နေသော အဖွဲ့သည် တောင်ငူမြို့မှ လာရောက်လုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပထမအဖြတ်ကို စစ်တွေမြို့ နာရီစင်အသစ် အပိုင်းမှ ဘီလူးမ တံတား အစိတ်အပိုင်းထိဖြစ်ပြီး ကျန်ရှိနေသော ဘီလူးမ တံတားမှ သင်္ဘောဆိပ်ထိ အပိုင်းကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
by:.. http://www.narinjara.com/burmese/?p=13780

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate