Monday, 23 February 2015

ရခိုင်လူမျိုးအားစော်ကားသောသူတို့သိစေဖို့..


 ရာဗုဒ္ဓအမွှေအနှစ်တွေကိုမလေ့လာကြဘဲ။ ရခိုင်လူမျိုးတွေကိုစော်ကားကြတာလည်းတွေ့ရပါ
သည်။ ရခိုင်ပြည်မှာ ဘယ်လောက်ထိတန်ဖိုးရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားအမွှေအနှစ်တွေတန်ခိုးကြီး
ဘုရားတွေလေ့လာလို့မဆုံးနိုင်တဲ့နှစ်ပေါင်းများစွာကအမွှေအနှစ်တွေရှိတယ်ဆိုတာမသိဘဲနှင့်
သူများယောင်လို့လိုက်လို့ယောင်နေကြတာပါဘဲ။ အခုလက်ရှိ မန္တလေးမဟာမုနိဘုရားကြီးကို
လည်းတချို့သောသူတွေက မန္တလေးမဟာမုနိဘုရားကြီးကို ရခိုင်နိုင်ငံကပင့်ယူသွားတာဆိုကို
သိတဲ့သူတွေကမေးရင်ရဲဝံ့စွာပြန်ဖြေကြပါသည်။ တချို့သောသူများသည်သိပါလျှက်နှင့်ရဲဝံ့စွာ
မပြောရဲဘဲ မန္တလေးမဟာမုနိဘုရားကြီးကို Indonesia နိုင်ငံကစစ်နိုင်လို့ပင့်ယူခဲ့သလိုလိုစမ်း
တ၀ါးဝါးပြန်ဖြေကြပါသည်။ ရခိုင်နိုင်ငံ ကပင့်ယူခဲ့တာကိုဝန်မခံမပြောရဲကြတဲ့သူတွေလည်းတွေ့ဖူးပါသည်။ အလွန်တရာမှဗုဒ္ဓဘာသာကိုယုံကြည်ပြီး ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို
ကိုးကွယ်ပါတယ်ဆိုတဲ့ ဗမာလူမျိုး ၊ မွန်လူမျိုး နှင့်အခြားသောဗုဒ္ဓဘာသာကိုးကွယ်တဲ့လူမျိုးတိုင်းတောင်မိမိကိုယ်တစ်စုံတစ်ယောက်ကလှမ်းခေါ်လိုက်ရင် ( ဘုရား ) လို့မထူး
ကြပါဘူး။ ဗမာလူမျိုးတွေဆိုရင် ရှင့် ၊ ခင်ဗျာ လို့သာပြန်ပြောကြပြီး ဘုရား လို့မထူးကြပါဘူး
ရိုင်းစိုင်းတယ်လို့ထင်ထားတဲ့ ဗုဒ္ဓဘာသာမဟုတ်ဘူးလို့ပြော အယောင်ဆောင်ကုလားလို့ပြော
ခံနေရတဲ့ ရခိုင်လူမျိုးတို့သည်မိမိကိုယ်ကိုတဦးတယောက်ကလှမ်းခေါ်လျှင် ( ဘုရား ) လို့
ပြန်ပြောထူးကြပါသည်။ ရခိုင်တွေဟာ သိပ်မိုက်ရိုင်းတာဘဲလို့ပြောကြတဲ့သူတွေလည်းရှိပါ
သည်။ ကိုလိုနီဖက်ဆစ်စနစ် ၊ စစ်အာဏာရှင်စနစ် ၊ သူ့ကျွန်ဘ၀နှင့်ခုထိ နှစ်ပေါင်း (၂၂၉)
နှစ်ခုထိနေရတဲ့ရခိုင်လူမျိုးတွေဟာ ဘာလုပ်လုပ်အဆင်မပြေ စိပွားရေးလုပ်တိုင်းမအောင်မြင်
အဆင်းရဲဆုံးပြည်နယ်ဖိနှိပ်ခံရဆုံးပြည်နယ်မှာနေရတာ စစ်အာဏာရှင်ခွေးတွေဖိနှိပ်ခံထားရ
တာနည်းနည်းတော့စိတ်ဓာတ်တွေမခံချင်စိတ်တွေနန့်ရိုင်းစိုင်းသောစကားတွေကိုပြောမိတာ
မိုက်ရိုင်းတယ်လို့မခေါ်ပါဘူး။ ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓမြတ်စွာဘုရား ၊ ဗုဒ္ဓ၏
သားတော်ရဟန်းသံဃာများ မိဘဆရာသမား များအသက်ကြီးအိုရွှယ်လူကြီးများကိုမစော်ကား
ကြပါဘူး။ ရခိုင်လူမျိုးတို့ရင်ထဲအသည်းနှလုံးသားထဲမှာ ဗုဒ္ဓမြတ်စွာဘုရား ကိုယုံကြည်ကိုးကွယ်ကြသည့်အပြင် ဗုဒ္ဓသာသနာ့တော်ကြီးဤကမ္ဘာတည်နေသ၍တည်တံ့ဖို့ရဟန်းသံဃာများ၏ဆုံးမမှုအောက်မှာနေပြီး မူဆလင်ဘာသာတို့၏ ဘာသာရေးနယ်ချဲ့ကျူးကျော်
မှုများကိုအသက်ပေးပြီးကာကွယ်ကြတာခုထိပါဘဲ။ သူတပါးလူမျိုးကိုပုတ်ချ မိမိလူမျိုးကိုအလွန်တရာမှယဉ်ကျေးပါတယ်လို့ထင်သော တချို့သောသူတို့ ရခိုင်လူမျိုးကို
စော်ကားသောသူတို့ ဗမာလူမျိုးတချို့ လက်နက်အားကိုးနန့် ဗုဒ္ဓ၏သားတော်ရဟန်း
သံဃာများကိုစော်ကားသတ်ဖြတ်ကြတာကို မမေ့လောက်သေးဘူး။ ထင်ပါတယ်။ ရခိုင်လူမျိုး
တွေဟာ ရခိုင်ဘုရင်မင်းမြတ်အဆက်ဆက်တို့သည်ဗုဒ္ဓဘာသာကိုသာကိုးကွယ်ကြပါသည်။
( ရခိုင်နိုင်ငံ စန္ဒာသူရိယမင်းမြတ်လက်ထက် ခရစ်နှစ် ( ဘီစီ - ၅၈၀ ) ခန့်ကစ၍စန္ဒာသူရိ
ယမင်းကိုယ်တိုင်ကဗုဒ္ဓမြတ်စွာဘုရားကို ဖူးမြော်ချင်လွန်း၍ " ဘုရား ဘုရား" ဟုတမ်းတရာမှ
နန်းတွင်းသူနန်းတွင်းသားများ တိုင်းသူပြည်သားများကလည်း ဘုရင်မင်းမြတ်အလိုဆန္ဒအား
လိုက်လျှောညီထွေစွာ " ဘုရား ဘုရား" ဟုတမ်းတရာမှ ယနေ့အချိန်ထိ ရခိုင်သူရခိုင်သား
တိုင်းကအမည်ခေါ်တိုင်း " ဘုရား " လို့ပြန်ထူးကြခြင်းသာဖြစ်သည်။ ဤသို့ထူးကြသည်မှာ
စန္ဒာသူရိယမင်းမြတ်လက်ထက်မှယနေ့အချိန်ထိ ရခိုင်လူမျိုးစိတ်ထဲတွင်စွဲကျန်ရစ်ကာကြည်
ညိုကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရား ကိုတမ်းတနေကြဆဲသာဖြစ်ပေရာ "ဘုရား"ဟူ၍တမ်းတ
နေကြသည်မှာရခိုင်ယဉ်ကျေးမှုသာသနာ့အမွှေတစ်ခုပင်ဖြစ်ပါသည် )
ရခိုင်လူမျိုးတို့သည် အယောင်ဆောင် ကုလားမဟုတ်ပါ။ ရခိုင်ပြည်ကိုဗုဒ္ဓမြတ်စွာဘုရားကိုယ်
တော်တိုင်ကြွရောက်ချီမြင့်ပြီးရခိုင်လူမျိုးများသည်ရှေ့မင်းအဆက်ဆက်ကပင်ထေရ၀ါဒဗုဒ္ဓဘာသာကိုသာကိုးကွယ်ပါသည်။ ရခိုင်ပြည်မှာကြည့်မိတိုင်းတောင်ပေါ်တောင်ထိပ်ဗုဒ္ဓအမွှေအနှစ်များစေတီပုထိုးတန်ခိုးကြီးဘုရားများကြည်ညိုစရာပါ။ သဇင်ပန်းခြိုင်တမြိုင်မြိုင် ရခိုင်ဘုရာပေါင်း။
လေးစားစွာဖြင့်..........
မျိုးချစ်အာရကန်.......ခိုင်မင်းသွေး ( ရခိုင်ပြည် )

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate