Thursday, 19 February 2015

လေယာဉ်အပိုင်စီးသည့် ရုပ်ရှင်ရိုက်ကူးစဉ် M-16 သေနတ်များ ထည့်ရိုက်ထားခြင်းမရှိဟု အဏ်ထော်ဏီငြင်း

အွန်လိုင်းတွင်ပျံ့နှံ့နေ သော လေယာဉ်အပိုင်စီးမှု ရုပ်ရှင်ဇာတ်ကား၏  ရုပ်ရှင်ပိုစတာ တွင်ပါဝင်သည့် M-16 လက်နက်များသည် ရိုက်ကူးရေးတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အချိန်ကရှိသော လက်နက်များကိုသာ ထည့်သွင်းရိုက်ကူးထားကြောင်း   ဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင်)က   ပြော သည်။
အွန်လိုင်းတွင် ပျံ့နေသော ရုပ်ရှင်ပိုစတာ၌   သရုပ်ဆောင် များကိုင်ဆောင်ထားသည့် လက် နက်များသည် လေယာဉ်ပြန်ပေး ဆွဲသည့်အချိန်တွင်ရှိသော လက် နက်များ မဟုတ်သောကြောင့် ဝေဖန်မှုများရှိရာ ယင်းကိစ္စနှင့်ပတ် သက်၍ ဒါရိုက်တာအဏ်ထော်ဏီ က ‘‘အစ်ကို့တစ်ကားလုံးမှာ M-16 တစ်လက်မှ မပါပါဘူး။ စတင်းဂန်း၊ ဘရင်းဂန်း၊ အင်္ဂလိပ် စတင်း၊ ခြောက်လုံးပြူး ဒါတွေပဲ သုံးထားတယ်။ ပြည်ထဲရေးဝန် ကြီးက ခွင့်ပြုလို့ လက်နက်အစစ် တွေနဲ့ ရိုက်ထားတာ။ အဲဒီမှာပါ တဲ့ သေနတ်တွေက အစ်ကိုတို့ကို လုံခြုံရေးပေးတဲ့ Security အဖွဲ့ မှာ M-16 တွေ၊ ခေတ်မီလက် နက်တွေပါတယ်။  အဲဒါတွေကို အစ်ကို့ကားထဲက မင်းသားတွေ က ကိုင်ရိုက်ထားပြီး သူတို့ဟာ သူတို့ ပိုစတာတွေလုပ်ပြီး အင် တာနက်တင်ထားတာ။ သူတို့ပို စတာတွေကြည့်ပြီးတောင် ပြော လိုက်သေးတယ်။ ဒီသေနတ်တွေ မဟုတ်ဘူးလို့’’ ဟု ပြောသည်။

ယင်းရုပ်ရှင်ကို ပြီးခဲ့သည့် နှစ်ဒီဇင်ဘာမှစတင်၍ ငါးလခန့် အချိန်ယူကာ ရန်ကုန်၊ ကြာအင်း ဆိပ်ကြီးနှင့် ငွေဆောင်ဘက်တွင်  သွားရောက်ရိုက်ကူးခဲ့ပြီး အမှန် တကယ် အပိုင်စီးခဲ့သော လေ ယာဉ်အမျိုးအစားဖြင့် ရိုက်ကူး ထားသလို လေယာဉ်မှူးနေရာ တွင်လည်း အမှန်တကယ်လေ ယာဉ်မောင်းသည့် နိုင်ငံခြားသား ပိုင်းလော့တစ်ဦးကို ထည့်သွင်း ရိုက်ကူးထားကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ပြောသည်။

ဇာတ်ကားရိုက်ကူးမှု အား လုံးပြီးစီးသွားပြီဖြစ်သောကြောင့် တည်းဖြတ်သည့် အပိုင်းကို ဆက် လက်လုပ်ဆောင်လျက်ရှိပြီး ကာ လာစနစ်၊ အသံစနစ်နှင့် အချော သတ်သည့် အပိုင်းကိုမူ ယိုးဒယား နိုင်ငံတွင်လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

လေယာဉ်ပြန်ပေးဆွဲမှု နှစ် ပေါင်း ၆၀ ပြည့်သည့် ၂၀၁၄ ဇွန် လ ၂၅ ရက်တွင် အမှတ်တရအ ဖြစ် ယင်းရုပ်ရှင်အထူးပွဲ ပြသနိုင် ရန်ရည်မှန်းထားကြောင်း အဏ် ထော်ဏီက ပြောသည်။
 
http://7daydaily.com/story/10473#.U22QDUDNmcs

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate