Friday, 6 March 2015

ကျောင်းသားသပိတ်နှင့် အော်ဂလီဆန်စရာ နိုင်ငံရေး

'ကျောင်းသားသပိတ်နှင့် အော်ဂလီဆန်စရာ နိုင်ငံရေး

၆-၃-၂၀၁၅
 
လက်ရှိပြုလုပ်နေတဲ့ ကျောင်းသားသပိတ်ဟာ တစ်ဖြည်းဖြည်းနဲ့ အရှိန်မြင့်တက်လာတာကို တွေ့လာရပါတယ်။ သပိတ် အစပိုင်းမှာတုန်းကတော့ ကျောင်းသားတွေရဲ့ ရဲဝံ့မှုကို ပြည်သူတစ်ရပ်လုံးက အသိမှတ်ပြုခဲ့ကြပေမယ့် သပိတ်ကြာမြင့် လာတဲ့ အခါမှတော့ ကျောင်းသားသပိတ်ရဲ့ အရှုပ်တော်ပုံတွေ တစ်ဖြေးဖြေးပေါ်လာခဲ့ပြီး အခုအခါမှာတော့ ထိုသပိတ်ကို ကျောင်းသား အချင်းချင်းကတောင် မထောက်ခံတော့ဘဲ ပြည်သူအကြားမှာလည်း မထောက်ခံကြသူတွေ ထုနဲ့ဒေး ဖြစ်လာတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

ဒီလိုဖြစ်ရတဲ့ အဓိက ပြဿနာကတော့ ကျောင်းသားအရေးမှာ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ရောက်ရှုပ်ထွေးလာခြင်းကြောင့်လို့ပဲဆိုရပါမယ်။ အဓိက အနေနဲ့ NNER အဖွဲ့က ကျောထောက်နောက်ခံပြုပေးနေပြီး၊ ၈၈ (ငြိမ်း /ပွင့်) အဖွဲ့ကလည်း အကြံအဥာဏ်ပေးနေတာတွေရှိသလို၊ ပြည်ပရောက်ပြီး ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်နေတဲ့ လူတွေကလည်း အွန်လိုင်းပေါ်ကနေ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေလည်းတွေ့လာခဲ့ရပါတယ်။ 
ကျောင်းသားသပိတ်အတွင်းမှာလည်း သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲတဲ့ မြန်မာ့ နိုင်ငံရေးမှာ ထုံးစံအတိုင်း ဗကသ နဲ့ တကသ ဆိုပြီးဖြစ်လာပြန်ပါတယ်။ ဗကသ အနေနဲ့ကတော့ လက်ရှိ ကျောင်းသားမဟုတ်သူ အသက်အရွယ်အိုမင်းတဲ့ နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တကသ ကတော့ လက်ရှိကျောင်းသားတွေနဲ့သာဖွဲ့စည်းထားသော ပညာရေး ဥပဒေပြောင်းလဲရေးကိုသာ အာရုံစိုက်လှုပ်ရှားနေသူတွေဖြစ်သလို သူတို့သပိတ်မှာ နိုင်ငံရေးစွက်ဖက်မှုတွေပါလာ တာကို မလိုလားသူတွေလည်း ဖြစ်ပါတယ်။ ဒါကတော့ ဗကသနဲ့ တကသတို့ရဲ့ ကွဲပြားတဲ့အချက်ဖြစ်နေပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ ကျောင်းသားသပိတ်ကို အဓိကချုပ်ကိုင်နေသူက ဗကသ ဖြစ်နေပြီး၊ နိုင်ငံရေး လှုံ့ဆော်မှုတွေပြုလုပ်နေသလို အဖွဲ့စည်းပေါင်းစုံနဲ့ဆက်နွယ်နေတာကိုလည်း တွေ့မြင်လာရပါတယ်။ အဓိက အားဖြင့် သပိတ်ကို ထောက်ခံသူတွေနဲ့ ထောက်ပံ့သူတွေရဲ့ လှူဒါန်းငွေတွေကို ဗကသ ကချုပ်ကိုင်ထားခြင်းပါဘဲ။ NLD ပါတီအပါအ၀င်၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မြေအောက်အဖွဲ့အစည်းတွေရဲ့ထောက်ပံ့လှူဒါန်းငွေဟာ သိန်းပေါင်း ထောင်ကျော်တယ်လို့ သတင်းတွေထွက်လာခဲ့ပြီး အဲဒီလှူဒါန်းငွေတွေက ဗကသ ခေါင်းဆောင် တွေရဲ့လက်ထဲမှာပဲ ပျောက်ဆုံးသွားတာကလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ NNER ပါပဲ။ ကျောင်းသားတွေရဲ့နောက်ကွယ်မှာ အဓိကရှိနေတဲ့ အဖွဲ့ဖြစ်ပြီး ဥပဒေအကြောင်း အချက်တွေကို ရေးဆွဲပေးနေတယ်ဆိုပေမယ့် မတ် လ ၅ရက်နေ့မှာ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာတော့ ဘယ်လို ဥပဒေအကြောင်းအချက်ကိုမှ ထဲထဲဝင်ဝင်မဆွေးနွေးနိုင်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားရှေ့မှာပဲ ကျောင်းသားတွေကိုခေါ်ပြီး လွှတ်တော်ကနေ ထွက်သွားခဲ့ရတာဟာ လွန်စွာရုပ်ဆိုးလှပြန်ပါတယ်။ 

ဒါ့ကြောင့် လက်ရှိကျောင်းသားသပိတ်ဟာ ကျောင်းသားအရေးတင်မဟုတ်တော့ဘဲ သပိတ်စုံသူပုန်ထဖို့အတွက် အဖွဲ့ အစည်းပေါင်းစုံရဲ့ ကလင်ဒါကျ ချိန်ကိုက်လှုပ်ရှားမှုဖြစ်လာတာကိုတွေ့ရပါတယ်။ ပညာရေးဥပဒေ ပြင်ဖို့ဆိုတာထက် ရန်ကုန်ကို ချီတက်ဖို့ဆိုတာကို ဦးစားပေးနေတာက ဆူပူမှုကိုလိုလားတယ်ဆိုတာ သက်သေပြနေသလိုပါပဲ။ မီဒီယာ တွေရဲ့လှုံ့ဆော်မှု၊ သပိတ်နောက်ကွယ်က နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ရှုပ်ထွေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပတ်သက်မှုကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးဟာတစ်ဖြည်းဖြည်းအော်ဂလီဆန်စရာဖြစ်လာတယ်လို့ပဲသုံးသပ်လိုက်ချင်တယ်။

လက်ယျာ'

၆-၃-၂၀၁၅
လက်ရှိပြုလုပ်နေတဲ့ ကျောင်းသားသပိတ်ဟာ တစ်ဖြည်းဖြည်းနဲ့ အရှိန်မြင့်တက်လာတာကို တွေ့လာရပါတယ်။ သပိတ် အစပိုင်းမှာတုန်းကတော့ ကျောင်းသားတွေရဲ့ ရဲဝံ့မှုကို ပြည်သူတစ်ရပ်လုံးက အသိမှတ်ပြုခဲ့ကြပေမယ့် သပိတ်ကြာမြင့် လာတဲ့ အခါမှတော့ ကျောင်းသားသပိတ်ရဲ့ အရှုပ်တော်ပုံတွေ တစ်ဖြေးဖြေးပေါ်လာခဲ့ပြီး အခုအခါမှာတော့ ထိုသပိတ်ကို ကျောင်းသား အချင်းချင်းကတောင် မထောက်ခံတော့ဘဲ ပြည်သူအကြားမှာလည်း မထောက်ခံကြသူတွေ ထုနဲ့ဒေး ဖြစ်လာတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး
ဒီလိုဖြစ်ရတဲ့ အဓိက ပြဿနာကတော့ ကျောင်းသားအရေးမှာ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ရောက်ရှုပ်ထွေးလာခြင်းကြောင့်လို့ပဲဆိုရပါမယ်။ အဓိက အနေနဲ့ NNER အဖွဲ့က ကျောထောက်နောက်ခံပြုပေးနေပြီး၊ ၈၈ (ငြိမ်း /ပွင့်) အဖွဲ့ကလည်း အကြံအဥာဏ်ပေးနေတာတွေရှိသလို၊ ပြည်ပရောက်ပြီး ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်နေတဲ့ လူတွေကလည်း အွန်လိုင်းပေါ်ကနေ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေလည်းတွေ့လာခဲ့ရပါတယ်။
ကျောင်းသားသပိတ်အတွင်းမှာလည်း သုံးယောက်ရှိရင် နှစ်ဖွဲ့ကွဲတဲ့ မြန်မာ့ နိုင်ငံရေးမှာ ထုံးစံအတိုင်း ဗကသ နဲ့ တကသ ဆိုပြီးဖြစ်လာပြန်ပါတယ်။ ဗကသ အနေနဲ့ကတော့ လက်ရှိ ကျောင်းသားမဟုတ်သူ အသက်အရွယ်အိုမင်းတဲ့ နိုင်ငံရေး သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တကသ ကတော့ လက်ရှိကျောင်းသားတွေနဲ့သာဖွဲ့စည်းထားသော ပညာရေး ဥပဒေပြောင်းလဲရေးကိုသာ အာရုံစိုက်လှုပ်ရှားနေသူတွေဖြစ်သလို သူတို့သပိတ်မှာ နိုင်ငံရေးစွက်ဖက်မှုတွေပါလာ တာကို မလိုလားသူတွေလည်း ဖြစ်ပါတယ်။ ဒါကတော့ ဗကသနဲ့ တကသတို့ရဲ့ ကွဲပြားတဲ့အချက်ဖြစ်နေပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ ကျောင်းသားသပိတ်ကို အဓိကချုပ်ကိုင်နေသူက ဗကသ ဖြစ်နေပြီး၊ နိုင်ငံရေး လှုံ့ဆော်မှုတွေပြုလုပ်နေသလို အဖွဲ့စည်းပေါင်းစုံနဲ့ဆက်နွယ်နေတာကိုလည်း တွေ့မြင်လာရပါတယ်။ အဓိက အားဖြင့် သပိတ်ကို ထောက်ခံသူတွေနဲ့ ထောက်ပံ့သူတွေရဲ့ လှူဒါန်းငွေတွေကို ဗကသ ကချုပ်ကိုင်ထားခြင်းပါဘဲ။ NLD ပါတီအပါအ၀င်၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မြေအောက်အဖွဲ့အစည်းတွေရဲ့ထောက်ပံ့လှူဒါန်းငွေဟာ သိန်းပေါင်း ထောင်ကျော်တယ်လို့ သတင်းတွေထွက်လာခဲ့ပြီး အဲဒီလှူဒါန်းငွေတွေက ဗကသ ခေါင်းဆောင် တွေရဲ့လက်ထဲမှာပဲ ပျောက်ဆုံးသွားတာကလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။
နောက်တစ်ခုကတော့ NNER ပါပဲ။ ကျောင်းသားတွေရဲ့နောက်ကွယ်မှာ အဓိကရှိနေတဲ့ အဖွဲ့ဖြစ်ပြီး ဥပဒေအကြောင်း အချက်တွေကို ရေးဆွဲပေးနေတယ်ဆိုပေမယ့် မတ် လ ၅ရက်နေ့မှာ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာတော့ ဘယ်လို ဥပဒေအကြောင်းအချက်ကိုမှ ထဲထဲဝင်ဝင်မဆွေးနွေးနိုင်ဘဲ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားရှေ့မှာပဲ ကျောင်းသားတွေကိုခေါ်ပြီး လွှတ်တော်ကနေ ထွက်သွားခဲ့ရတာဟာ လွန်စွာရုပ်ဆိုးလှပြန်ပါတယ်။
ဒါ့ကြောင့် လက်ရှိကျောင်းသားသပိတ်ဟာ ကျောင်းသားအရေးတင်မဟုတ်တော့ဘဲ သပိတ်စုံသူပုန်ထဖို့အတွက် အဖွဲ့ အစည်းပေါင်းစုံရဲ့ ကလင်ဒါကျ ချိန်ကိုက်လှုပ်ရှားမှုဖြစ်လာတာကိုတွေ့ရပါတယ်။ ပညာရေးဥပဒေ ပြင်ဖို့ဆိုတာထက် ရန်ကုန်ကို ချီတက်ဖို့ဆိုတာကို ဦးစားပေးနေတာက ဆူပူမှုကိုလိုလားတယ်ဆိုတာ သက်သေပြနေသလိုပါပဲ။ မီဒီယာ တွေရဲ့လှုံ့ဆော်မှု၊ သပိတ်နောက်ကွယ်က နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ရှုပ်ထွေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပတ်သက်မှုကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးဟာတစ်ဖြည်းဖြည်းအော်ဂလီဆန်စရာဖြစ်လာတယ်လို့ပဲသုံးသပ်လိုက်ချင်တယ်။
လက်ယျာ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate