Friday, 6 March 2015

လမ်းဖောက်လုပ်ရေးစီမံကိန်း မပြီးသေးသည့် မြ၀တီ-ကော့ကရိတ်ဒေါနတောင်


 




မတ် - ၅ - ၂၀၁၅
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
လမ်းဖောက်လုပ်ရေးစီမံကိန်း မပြီးသေးသည့် မြ၀တီ-ကော့ကရိတ်ဒေါနတောင်ပတ်ကားလမ်းသစ်တွင် တရားမ၀င်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့်ကုန်ကားများကို ယနေ့မှစတင်ကာ လုံးဝ သွားလာခွင့်မပြုတော့ကြောင်း ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက ပြောသည်။
မြ၀တီရှိ KNU ဆက်ဆံရေးရုံးတွင် အင်္ဂါနေ့က ကျင်းပပြီးစီးခဲ့သည့် အာရှလမ်းသစ်ပြဿ နာဆိုင်ရင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ KNU - DKBA - ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆိုပါလမ်းကိုဖောက်လုပ်နေသည့် ထိုင်းလမ်းဖောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများလည်း တက်ရောက်ကြပြီး ဆုံးဖြတ်ချက် ၄ ခုကို ချမှတ်ခဲ့ကြသည်။
ဆုံဖြတ်ချက်များတွင် ယနေ့မှစ၍ ခရီးသည်တင်ကား - ကုန်တင်ကား အဖွဲ့အစည်းကားနှင့် အဖွဲ့အစည်းအမည်ခံ ကားများပါမကျန် လုံးဝသွားလာခွင့် မပြုတော့ကြောင်းပါရှိသည်။
သို့သော် အစိုးရအဖွဲ့အစည်များနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ အရေးပေါ်ကိစ္စရှိပါက ခိုင်လုံသည့်သက်သေခံအထောက်အထားများ ပြသနိုင်ပါက သွားလာခွင့်ပြုမည်ဟု ဆိုသည်။
ထိုင်းလမ်းဖောက်လုပ်ရေးမန်နေဂျာက နေ့စဉ်မော်တော်ယာဉ်များ သွားလာနေသည့်အတွက် လုပ်ငန်းခွင်တွင် နှောင့်နှေးကြံ့ကြာမှုများနှင့်ဆိုင်ဆိုင်နေရသည်ဟုလည်း ကရင်လက်နက်ကိုင် စည်းလုံးညွတ်ရေးကော်မတီသို့ တင်ပြခဲ့သည်။
အဆိုပါလမ်းကြောတွင် ရှိနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများက ရာနှင့်ချီသည့် ခရီးသည်တင်ကားများကို ငွေကြေးများကောက်ခံကာ သွားလာခွင့်ပြု ခြင်းဖြစ်ကာ အချိန်ကုန်သက်သာသောကြောင့် အဆိုပါလမ်းပိုင်းကို ယာဉ်မောင်းများ အကြို က်တွေ့နေကြခြင်းဖြစ်သည်ဟု ယာဉ်မောင်းများက ပြောဆိုကြသည်။
ဒေါနတောင်ပတ် ကားလမ်းသစ်သည် လက်ရှိအသုံးပြုနေသည့် ဒေါနတောက်ကျော်ကားလမ်းထက်တောင် အချိန် ၄ ဆခန့် သက်သာစေသည်ဟုလည်း ယာဉ်မောင်းများက ဖြည့်စွက်ပြောဆိုသည်။
အလွှာအသီးသီးမှ ခရီးသွားများနှင့်ယာဉ်မောင်များက ယနေ့စတင်သည့်အမိန့် ထိရောက်မှုမည်မျှရှိသည်ကို စောင့်ကြည့်သွားရမည်ဟု သုံးသပ်ပြောဆိုကြသည်။
မြ၀တီမြို့ မှ ဆရာတော်ကြီးတပါးက" လမ်းပြီးမှဘဲ တရားဝင်သွားကြတာကောင်းတယ် ဒီအချိန်မှာတော့ ဘာကောင်တွေဘဲဖြစ် လုံးဝပေးမသွားတာ အကောင်းဆုံးဘဲ အခုဖြစ်နေတာတွေက ခေါင်ကနေ မိုးယိုနေလို့ဖြစ်တာ "ဟု မိန့်ကြားသည်။
ပုံစာ - တောင်ပတ်ကားလမ်းသစ်တွင် တရားမ၀င်ပြေးဆွဲနေကြသည့် ခရီသည်တင်ယာဉ်အချို့ ကို တွေ့ရစဉ်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate